Myanmar



မန္တလေး ဆီထွက်သီးနှံနှင့် ဆီဈေးကွက်အခြေအနေ

မန္တလေး  ဆီထွက်သီးနှံနှင့် ဆီဈေးကွက်အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင်  သကြႅန်ကာလ ပိတ်ရက်အပြီး စတင်ဖွင့်လှစ်သော ကာလဖြစ်၍ မြေပဲ(လုံးဆံ)မှာ လုပ်ငန်းသမား ဝယ်ယူမှုရှိခြင်း ၊ သကြႅန်အပြီး အသစ်မဝင်သေးခြင်းကြောင့် ၁၀၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၆၅၀၀၀၀ ကျပ် မှ ၆၈၀၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။မြေပဲ (ဆီဆံ) မှာလည်း ဆီစက်များ ဝယ်ယူမှုများခြင်းကြောင့် ၁၀၀ ပိဿာ ၆၂၀၀၀၀ ကျပ် မှ ၆၅၀၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

      .

နှမ်း (ဖြူ/ညို/နက်)တို့မှာ စတင်ဖွင့်သောကာလဖြစ်၍ လုပ်ငန်းသမား တရုတ်ဝယ်လက် နည်းပြီး အရောင်းအဝယ်ဖြစ်မှုနည်းခြင်းကြောင့် နှမ်း(ဖြူ) ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၃၂၀၀၀၀ ကျပ် ၊ နှမ်းညို၂၆၀၀၀၀ ကျပ် ၊ နှမ်းနက်(စမုံ) ၂၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

       .

ပန်းနှမ်း နှင့် နေကြာမှာလည်း လုပ်ငန်းသမား ၊ ဆီစက်သမား အဝယ်နည်းသေးခြင်းကြောင့် ပန်းနှမ်း ၄၅ ပိဿာ ၁၇၄၀၀၀ ကျပ် ၊ နေကြာ ၂၇ ပိဿာ ၁၀၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     .

ဆီဈေးနှုန်းများအနေဖြင့် 

ပဲဆီ တစ်ပိဿာ အရည်အသွေးပေါ်မူတည်၍ ၁၁၀၀၀ ကျပ် မှ ၁၂၅၀၀ ကျပ်  ၊ 

နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ ကျပ် ၊ 

မုန်ညှင်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ၊ 

နေကြာဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ်  ၊ 

ပဲပုတ်ဆီ တစ်ပိဿာ ၅၈၀၀ ကျပ် မှ ၆၅၀၀ ကျပ် ၊ 

စားအုန်းဆီ တစ်ပိဿာ ၆၆၀၀၀ ကျပ်ဖြင့် 

ဈေးတည်ငြိမ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Sunday, 23 April 2023 12:31
Rate this item
(0 votes)