Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးနှင့်ဂျူးမြစ်ချဉ်ရည်ဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် အရည်သောက်ကြိုက်နှစ်သက်သူများအတွက်

အဆင်ပြေစေမည့်အပြင် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ငါးနှင့်ဂျူးမြစ်ချဉ်ရည်ဟင်းအကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးကြင်း၊ ဂျူးမြစ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ငရုတ်သီးအစိမ်းမှုန့်၊ နနွင်းမှုန့်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးကို အပိုင်းလေးဖြစ်အောင် ခုတ်ထစ်ပြီး ရေဖြင့် သန့်စင်အောင် ဆေးကြောပေးပါ။ ပြီးလျှင် နနွင်း၊ ဆား၊ ဟင်းခတ်မှုန့်တို့နဲ့နယ်ပြီး ခဏနှပ်ထားပါ။

 

ပြီးနောက် ဂျူးမြစ်ကို သန့်စင်ပြီး ရေစင်စင်ဆေးကာ ကိုယ်ကြိုက်တဲ့အရွယ်လှီးဖြတ်ပြီး ရေစစ်ထားပါ။ ပြီးရင်တော့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို အခွံခွာပြီး ညက်အောင်ထောင်းထားပါ။ ခရမ်းချဉ်သီးကို ခပ်နုပ်နုပ်လှီးဖြတ်ထားပါ။

 

ဟင်းချက်မည့်အိုးထဲကို ဂျူးမြစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီးအစိမ်းမှုန့်၊ ငံပြာရည်နဲ့ ဆီတို့ကိုထည့်ပြီး အားလုံးနှံ့သွားအောင် ရောနယ်လိုက်ပါ။

 

အားလုံးနှံ့သွားရင် ငါးနှပ်ထားတာကိုပါ ထည့်လိုက်ပြီး ရေထည့်ကာ မီးအေးအေးနဲ့ လုံးချက် ချက်ထားပါ။ အိုးမကပ်ဖို့အတွက် မကြာခဏ မွှေပေးပါ။

 

ငါးအစိမ်းနံ့ပျောက်ပြီး အနံ့မွှေးလာရင်တော့ ရေထပ်ထည့်ပြီးတည်ပေးပါ။ မီးကိုပုံမှန်မှာထားပြီးချက်ပါ။ ဟင်းအိုးချတဲ့အခါမှာတော့ ဟင်းအရည် ကျန်အောင်ချက်ပါ။

 

ဟင်းရည်ပွက်ပွက်ဆူပြီး ငါးလည်းကျက်၊ ဂျူးမြစ်လည်းနူးပြီမို့ အပေါ့အငံမြည်းကြည့်ပါ။ အနေတော်ရင် ဟင်းအိုးကို မီးဖိုပေါ်မှ ချလိုက်ပါ။

 

အစပ်နှင့် အမွှေးကြိုက်နှစ်သက်သူများအတွက် ငရုတ်သီးစိမ်းတောင့်၊ နံနံပင်တို့ကိုပါ ထပ်ထည့်နိုင်ပါတယ်။

Read 4905 times Last modified on Tuesday, 18 September 2018 15:18
Rate this item
(0 votes)