Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကျွန်းလှမြို့နယ်တွင် ထိုင်ဝမ်ခရမ်းချဉ်သီးဈေးကောင်းရရှိနေ၍ စိုက်ပျိုးသူ များလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီး၊ ဟင်းရွက်သီးနှံများကို ရာသီအလိုက်

စိုက်ပျိုးကြပြီး ထိုင်ဝမ်ခရမ်းချဉ်သီးဈေးကောင်းရရှိနေ၍ စိုက်ပျိုးသူ များလာသည်။

 

ထိုင်ဝမ်ခရမ်းချဉ်ကို ဝါဆိုလဆန်းတွင် အများဆုံးစိုက်ပျိုးကြပြီး ခရမ်းချဉ်အပင်(၁၅၀) စိုက်ပျိုးရာတွင် မျိုးဖိုး၊ မြေဩဇာဖိုး၊ ခြံစရိတ်၊ လုပ်အားခ စုစုပေါင်းငွေကျပ်(၁၅၀၀၀၀)ခန့် ကုန်ကျသည်လို့ သိရသည်။

 

စိုက်ပြီး သုံးလခန့်တွင် တစ်ရက်လျှင် (၁၅)ပိဿာထွက်ရှိကာ ယခုအခါ တစ်ပိဿာ ငွေကျပ် (၁၈၀၀)မှ (၂၀၀၀)ဝန်းကျင် ဈေးရှိ၍ မိသားစုဝင်ငွေကျပ်(၃၀၀၀၀)ကျော် ရရှိထားပြီး ခရမ်းချဉ်သီးကုန်လျှင် ငွေကျပ်(၄)သိန်းခန့် ရရှိသည် ဟု ခရမ်းချဉ်စိုက်တောင်သူ ဦးဝင်းက ပြောကြားသည်။

 

အဆိုပါ ထိုင်ဝမ်ခရမ်းချဉ်စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာခြင်း၊ ရာသီမရွေးစိုက်ပျိုးနိုင်ခြင်း၊ အမြတ်အစွန်းရရှိခြင်း၊ မိသားစုဝင်ငွေရရှိခြင်းတို့ကြောင့် တောင်သူများ စိုက်ပျိုးလာကြသည် ဟု သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)