Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ညောင်ဦးမြို့နယ် ပဲတီစိမ်းစိုက်တောင်သူများ ဈေးနှုန်းကောင်းသော်လည်း အထွက်နှုန်းကျဆင်း

ညောင်ဦးမြို့နယ် ပဲတီစိမ်းစိုက်တောင်သူများ ဈေးနှုန်းကောင်းသော်လည်း အထွက်နှုန်းကျဆင်း MDN

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပဲတီစိမ်းစိုက်တောင်သူများ ဈေးနှုန်းရရှိသော်လည်း

မိုးဦးမိုး ရွာသွန်းမှုနည်းခြင်းကြောင့် အပင်ဖြစ်ထွန်းကောင်းသော်လည်း အထွက်နှုန်းမကောင်းခြင်းကြောင့် တွက်ခြေမကိုင်ဖြစ်နေကြသည်။

 

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် ပဲတီစိမ်းစိုက်ပျိုးခြင်းအား ဝါဆိုလ၊ ဝါခေါင်လတို့တွင် ကြဲပက်စိုက်ပျိုးကြသည်။

 

စိုက်ပျိုးပြီး လေးဆယ့်ငါးရက်ကြာလျှင် စတင် ခူးလို့နေရပြီး ဈေးကွက် အတွင်း သွားရောက်ရောင်းချ လို့ရပြီဖြစ်သည်။

 

ပဲတီစိမ်းလုံးကြီး တစ်တင်းလျှင် သုံးသောင်းလေးထောင် ကျပ်၊ ပဲတီစိမ်းလုံးသေးတစ်တင်း သုံးသောင်းငါးထောင်ရှစ်ရာကျပ် ရောင်းချရခြင်းကြောင့် ပဲတီစိမ်းစိုက် ကျေးလက်တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်သော်လည်း မိုးဦးမိုးရွာသွန်းမှုနည်းခြင်းကြောင့် ပဲတီစိမ်းများ အပင်ဖြစ်ထွန်းမှုကောင်းသော်လည်း အဖူး၊ အပွင့်နည်းကာ အသီးသီးနှုန်းနည်းသည်လို့ ပဲတီစိမ်းစိုက်တောင်သူများထံမှ သိရသည်။

 

By Myanmar Food Guide

MDN

Read times
Rate this item
(0 votes)