Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အဆင့်မြှင့်တင်ထားသော QR Pass ထုတ်ပေးနိုင်ရေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးပြင်ဆင်ထားရှိမှု

အဆင့် A ရှိသည့်လုပ်ငန်းများအားစီစစ်ကာလုပ်ကိုင်ခွင့် ပြုမည့်အကြောင်း ဝန်ကြီးချုပ် လမ်းညွှန်ပြောကြားပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၁၀-၁၀-၂၀၂၀ ရက်နေ့ အမိန့်အမှတ် (၁၂၄/၂၀၂၀)ကိုထုတ်ပြန်ကြေညာခဲ့ပါသည်။

 

Stay at Home သတ်မှတ်ကြေညာထားသည့်ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကုန်စည်စီးဆင်းမှုချောမွေ့စေရေးနှင့် ခွင့်ပြုထားသည့် လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ Video Conferencing ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

 

အစည်းအဝေးတွင် အဆင့် A သတ်မှတ်ချက်ရှိသော စက်ရုံများအား အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်ကာ လုပ်ငန်းများပြန်လည်လည်ပတ်နိုင်နိုင်ရေးအတွက် အမိန့်အမှတ် (၁၂၄/၂၀၂၀) ကိုကျင့်သုံးဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ထမ်းများပါဝင်သော စစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းနိုင်ရေး၊ အဆင့် A သတ်မှတ်ချက်ရှိစက်ရုံများ လည်ပတ်ခွင့်ရှိရေးအတွက် ဗဟိုသို့ဆက်လက်တင်ပြ ရေး၊ B နှင့် C အဆင့်များသည် A အဆင့်အဖြစ် ပြင်ဆင်ဆောင်ရွက်ထားရေး၊ စစ်ဆေးရာတွင် Guideline စနစ်တကျပြင်ဆင်ထားရေး၊ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသော လုပ်ငန်းများအား အဆင့်မြှင့်တင်ထားသော QR Pass ထုတ်ပေးနိုင်ရေး၊ ကြီးကြပ်စစ်ဆေးပေးနိုင်မည့်အဖွဲ့သတ်မှတ်ဖွဲ့စည်းရေး တို့ကို အကျယ်တဝင့်ဆွေးနွေးသွားပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှလည်း မြေပြင်တွင် ဌာနနှင့် လုပ်ငန်းရှင်များပေါင်းလုပ်ကိုင်နိုင်မည့် အစီအစဉ်များကို ဆွေးနွေးသွားပါသည်။

 

ထို့နောက်ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက စက်ရုံများစနစ်တကျပြန်လည် ဖွင့်လှစ်နိုင်ရေးအစီအစဉ်တွင် အသင်းချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှုဇုန်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။

 

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဝေဖြိုး၊ ဦးသောင်းတင်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဦးမျိုးသန့်၊ ဒေါ်ခိုင်ခိုင်နွယ်၊ ဒေါက်တာအောင်သိန်း၊ ဦးအေးထွန်း၊ ဦးအောင်စိုးသာ၊ ဒေါက်တာဝင်းစည်သူ နှင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)

Read times Last modified on Monday, 12 October 2020 13:47
Rate this item
(0 votes)