Myanmar
နဂါးမောက်သီး ရေခဲမုန့်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ
အိမ်တွင်လည်း ကလေးများအတွက် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ နဂါးမောက်သီး ရေခဲမုန့်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ နဂါးမောက်သီး၊ အုန်းနို့ခရင်မ်၊ နို့ဆီ၊ Whipped ခရင်မ်၊ ဗီနီလာအရည်တို့ လိုအပ်ပါမယ်။
ပထမဆုံး နဂါးမောက်သီးကို ရေဆေးလိုက်ပါ။ ပြီးနောက် နဂါးမောက်သီးကို အခွံနွှာပြီး အရွယ်တော် အတုံးလေးများတုံးထားပါ။
ပြီးနောက် နဂါးမောက်သီးများကို ကြိတ်စက်ထဲထည့်ပြီး ရေမြုပ်ရုံထည့်၍ ရောကြိတ်ထားပါ။
ပြီးလျှင်တော့ Whipped ခရင်မ် စက္ကူဗူးကို ရေခဲသေတ္တာ အပေါ်ထပ်မှာ ရေခဲမုန့် မပြုလုပ်မီ နာရီဝက် ခန့်ထည့်ထားပေးပါ။
ပြီးလျှင် ဇောက်ခွက်တစ်ခုထဲ Whipped ခရင်မ် ၁ခွက်ကို လောင်းထည့်လိုက်ပါ။
ပြီးနောက် ကြိတ်စက်နဲ့ မိနစ်အနည်းငယ် ရောမွှေပေးထားပါ။
၎င်းနောက် နို့ဆီ၊ ဗီနီလာ တို့ကို ထည့်ကာ မွှေစက်ဖြင့် မိနစ်အနည်းငယ်ကြာအောင် whipped ခရင်မ် မုန့်သားပျစ်လာသည်အထိ မွှေပေးပါ။
Whipped ခရင်မ်လည်း ရပြီဆိုလျှင် နဂါးမောက်သီး၊ အုန်းနို့ခရင်မ်ထည့်ပြီး သမအောင် ရောမွှေပေးပါ။
ရေခဲမုန့်လုပ်မည့်ဘူးထဲသို့ ရောမွှေထားသော နဂါးမောက်သီး ရေခဲမုန့်ရည်များကို လောင်းထည့်လိုက်ပြီး ရေခဲသေတ္တာအပေါ်ထပ်တွင် အအေးခံထားဖို့ လိုပါတယ်။
အအေးခံထားစဉ် လေးကြိမ်ခန့် ရေခဲသေတ္တာထဲမှ ထုတ်၍ ရောမွှေပေးထားရန်လိုပါတယ်။
ပြီးရင်တော့ အရသာရှိတဲ့ နဂါးမောက်သီး ရေခဲမုန့်ကို စိတ်ကြိုက် အသင့်သုံးဆောင်နိုင်ပါတယ်။