Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးနဲမြို့၌ ပဲပုပ် တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

မိုးနဲမြို့၌ ပဲပုပ် တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ TMD

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် အဓိကစီးပွားရေးအဖြစ် တောင်သူ လုပ်ငန်းလုပ်ကိုင်ကာ

တစ်ပိုင်တစ်နိုင် ပဲပုပ်ထုတ်လုပ်ရောင်းချ၍ အပိုဝင်ငွေရရှိပြီး မိသားစုအဆင် ပြေလျက်ရှိသည်ဟု ပဲပုပ်ထုတ်လုပ်ရောင်းချသူ တစ်ဦးထံမှ သိရသည်။


ပဲပုပ်ပြုလုပ်ရာမှာ ပထမအနေဖြင့် ပဲပုပ်စေ့ကို ရေဆေးခြင်း ၊ပြုတ်ခြင်း၊ ပြုတ်၍ နှစ်ရက်ကြာထားရှိ ရသည်။ ဒုတိယအနေနဲ့ နှစ်ရက်ကြာထားရှိတဲ့ ပဲပုပ်ကိုကြိတ်ကာ လိုအပ်တဲ့ အရွယ်အစားအတိုင်း အပြားပုံပြုလုပ်ရသည်။ နောက်ဆုံးအနေဖြင့် အပြားပြုလုပ်ပြီး ပဲပုပ်များကိုနေလှန်းအခြောက်ခံပြီး ဈေးကွက်သို့တင်ပို့ ရောင်းချကြသည်။

 

ပဲပုပ်စေ့ကုန်ကြမ်း တစ်တင်းကို ငွေကျပ် ၁၅၀၀၀ ခန့် ပေးဝယ်ရပြီး ပဲပုပ်တစ်တင်းမှာ ကုန်ချော ပဲပုပ် ၇ ပိဿာထွက်ရှိကာ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ခန့် ရရှိသည်။ ပဲပုပ်ကို ရိုရိုးပဲပုပ်နှင့်ချင်းပဲပုပ် နှစ်မျိုးပြုလုပ်ရောင်းချလျက်ရှိပြီး ချင်းပဲပုပ် ကိုတော့ကျပ် ၅၀၀၀ ရောင်းချကြသည်။

 

ပဲပုပ်ကုန်ချောကိုတော့ မြို့တွင်းနှင့် အနီးတစ်ဝိုက်ရှိမြို့များ နမ့်စန်မြို့နှင့် အခြားမြို့နယ်များမှ အော်ဒါမှာယူမှုများကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကာ တစ်ရက်လျှင် အမြတ်ငွေကျပ် ၁၃၀၀၀ ကျော်ရရှိပြီး လစဉ်ပျမ်းမျှ ကျပ်လေးသိန်းနီးပါး အပိုဝင်ငွေရ ရှိတဲ့အတွက် မိသားစုများ အဆင်ပြေလျက်ရှိကြသည်ဟု သိရသည်။

 

 

By Myanmar Food Guide

TMD

Read times Last modified on Tuesday, 13 October 2020 11:09
Rate this item
(0 votes)