Myanmar



မန္တလေး ဟင်းသီးဟင်းရွက်နှင့် အသီး ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

17 7 2023

မန္တလေးသီရိမာလာဈေး ဟင်းသီး ဟင်းရွက်ပွဲရုံများတွင်
ခရမ်းချဉ် (ရှမ်းတောင်) ၂၀ ပိဿာ တစ်သေတ္တာ ၃၆၀၀၀ ကျပ်ခန့် ဈေးရှိပြီး မြို့တွင်းသုံးနှင့် လုံးခင်း မြစ်ကြီးနားနှင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

 

အောင်ပန်း ပြင်ဦးလွင်မှ ဘိုစားပဲသီးများ လှိုင်လှိုင်ဝင်ရောက်သဖြင့် တစ်ပိဿာလျှင် ၁၂၀၀ ကျပ်ထိ ဈေးနိမ့်သွားသည်။

 

ပြင်ဦးလွင် ပန်းမုံလာနှင့် ဂေါ်ဖီထုပ်များ အဝင် များလာခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ပန်းမုံလာတစ်ပွင့် ၈၀၀ မှ ၁၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၁၂၀၀ ကျပ်ဖြင့် စားသောက်ဆိုင်နှင့် မြို့တွင်းသုံးဝယ်ယူမှုရှိသည်။

 

သစ်သီးဝလံဈေးနှုန်းအနေဖြင့်
ဖရဲသီးများ အလေးချိန်ပေါ်မူတည်၍ ၃ပိဿာတစ်လုံး ၃၀၀၀ကျပ်၊
သခွားမွှေး ၄လုံး တဖာလျှင် အရည်သွေးပေါ်မူတည်၍ ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ဖြင့် လားရှိုး၊ မူဆယ် စသော အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

 

မုံရွာမှ သင်္ဘောသီး ၁လုံးထုပ် ၂၅၀၀ ကျပ်၊ ၂ လုံးထုပ် ၁၅၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

 

ပန်းသီး(တရုတ်)များ ၃၀ လုံးဝင်တစ်ခြင်း ၆၈၀၀၀ ကျပ်၊
တရုတ်စပျစ်သီး အလုံးကြီး ၁၂ ပိဿာတစ်ခြင်း ၉၅၀၀၀ ကျပ်၊
ရမည်းသင်းမှ စပျစ်သီးတစ်ပိဿာ ၄၀၀၀ကျပ်ဈေးဖြင့် ရောင်းဝယ်နေသည်။

 

တရုပ်မှ လိမ္မော်သီး ၁၀ ပိဿာ တစ်ခြင်း ၆၅၀၀၀ ကျပ်၊ ဈေးဖြင့် မြို့တွင်းသုံးနှင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Monday, 17 July 2023 22:38
Rate this item
(0 votes)