Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပခုက္ကူမြို့နယ်တွင် (CFAVC)စီမံကိန်းဖြင့် စိုက်ပျိုးမြေဧက ၈၀၀ ကျော် အကျိုးပြုမည့် ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ

ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် (CFAVC)စီမံကိန်းဖြင့် ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာတွင် စိုက်ပျိုးဧက ၈၀၀ ကျော် အကျိုးပြုဖြစ်ထွန်းစေမည့် ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေကို အောက်တိုဘာလ ၁၂ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများက ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်(CFAVC) စီမံကိန်းရန်ပုံငွေကျပ် (၂၄)သန်းဖြင့် လုပ်ငန်းစတင်အကောင်အထည်ဖော် ဆောင်ရွက် သည့် ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာတွင် (၀/၆)မိုင်ရှိသည့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက် နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ငန်းစံချိန်စံညွှန်းနှင့် ကိုက်ညီ၍ အရည်အသွေးပြည့်မီရန် ဆောင်ရွက်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

 

ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုး ကွင်းဆက်စီမံကိန်း (Climate Friendly Agribusiness Value Chain Sector Project–CFAVC) သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး အစီအစဉ် (GAFSP) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းစီမံကိန်းဖြင့် မြို့နယ်အတွင်း ရွှေတန့်တစ် ကျေးရွာတစ်ရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းပြီးစီးပါက စိုက်ပျိုးရေး၊ မွေးမြူရေးများမှ ထွက်ရှိလာသည့် ထုတ်ကုန်၊ ထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည်။

 

By Myanmar Food Guide

MDN

Read times
Rate this item
(0 votes)