Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အထူးအစည်းအဝေး၊ ရွေးချယ်တင်မြှောက်ပွဲနှင့် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးများ ကျင်းပမည့်ရက်အား ကြေညာခြင်း

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အထူးအစည်းအဝေး၊ ရွေးချယ်တင်မြှောက်ပွဲနှင့်

နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးများ ကျင်းပမည့်ရက်အား ထုတ်ပြန်ကြေညာခဲ့ပါသည်။


၁။ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ ၂၀၂၀-၂၀၂၃ ခုနှစ် အမှုဆောင် သက်တမ်း အတွက် အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အသစ်များ ရွေးချယ်ပွဲကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၁၀-၈-၂၀၂၀ ရက်နေ့နှင့် ၁၃-၈-၂၀၂၀ ရက်နေ့၊ ၄-၉-၂၀၂၀ ရက်နေ့တို့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

 

၂။ သို့ပါသော်လည်း coVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ထုတ်ပြန်ကြေညာချက်များ၊ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ် တားဆီး နိုင်ရန်အတွက် အထူးအစည်းအဝေး၊ ရွေးချယ်တင်မြှောက်ပွဲနှင့် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးများအား မူလကြေညာထားသည် နေ့ရက်များတွင် ကျင်းပပြုလုပ်တော့မည် မဟုတ်ဘဲ ခေတ္တဆိုင်းငံ့ ထားမည် ဖြစ်ပါကြောင်း အထက်ပါရက်စွဲများတွင် သတင်းထုတ်ပြန်ကြေညာခဲ့ပါသည်။


၃။ ယခုအခါ အဆိုပါ ရွေးချယ်တင်မြှောက်ပွဲအား ၁၅-၁၁-၂၀၂၀ ရက်နေ့ (တနင်္ဂနွေနေ့)နံနက်(၁၀)နာရီ၌ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။ ကျင်းပမည့်နေရာအား ထပ်မံထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါကြောင်းဖေါ်ပြအပ်ပါသည်။


မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း

 

 

By Myanmar Food Guide

Read times Last modified on Saturday, 17 October 2020 11:17
Rate this item
(0 votes)