Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏

Video Conferencing System ဖြင့် ပြုလုပ်သည့် (zoom Meeting) လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ်(၅/၂၀၂၀)ကို အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်တွင် ယခု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ပေးပို့လာသော မြေယာကိစ္စ တိုင်ကြားစာပေါင်း (၆၉၃)မှုရှိပြီး (၄၇၄)မှုကို ပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့၍ စိစစ်ဆဲအမှု (၂၁၉)မှု ကျန်ရှိကာ ပြီးစီးမှုရာခိုင်နှုန်းမှာ (၆၈.၄၀)ရာခိုင်နှုန်း ဖြစ်သည်။

 

ပြည်နယ်သို့ တိုက်ရိုက်တိုင်ကြားစာပေါင်း (၆၃၄)မှုရှိပြီး (၄၁၆)မှုကို ပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ကာ ပြီးစီးမှုရာခိုင်နှုန်းမှာ (၆၆)ရာခိုင်နှုန်း ဖြစ်ပြီး စိစစ်ရန်ကျန်ရှိသည့် ဗဟိုအမှု (၂၁၉)မှု၊ ပြည်နယ်အမှု (၂၁၈)မှု စုစုပေါင်း (၄၃၇)မှုအားလုံးကို ၂၀၂၀ ပြည့်နှစ်တွင် (၉၀)ရာခိုင်နှုန်းကျော် ပြီးပြတ်ရေး ဗဟိုကော်မတီမှ နှိုးဆော်လျက်ရှိပြီး ခရိုင် မြေ/စစ်ကော်မတီများအနေဖြင့် သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။

 

ဗဟိုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်(၅၂)ချက်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြီးပြတ်အောင် အလေးထား စိစစ်ဖြေရှင်းဆောင်ရွက်ရန်နှင့် ယခု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီလက်ထက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ စုစုပေါင်း ပြန်လည်စွန့်လွှတ်သည့် အမှုကိစ္စပေါင်း (၁၆၆)မှု၊ မြေဧရိယာစုစုပေါင်း (၄၂၀၄၅ ဒသမ ၁၃၀)ဧကရှိပြီး မြေဧရိယာ (၄၀၅၈၈ ဒသမ ၃၈၅)ဧကကို သက်ဆိုင်ရာ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့သည့်အတွက် ကျန်မြေဧရိယာမှာ (၁၄၅၆ ဒသမ ၇၄၅)ဧကဖြစ်ပြီး ကျန်မြေများကို သက်ဆိုင်ရာသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ရန် ပြောကြားခဲ့သည်။


ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ် လယ်ယာမြေနှင့်် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆန်းဝင်းမှ အမှုတစ်မှုချင်းအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ခရိုင်မြေ/စစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူးများက ဆွေးနွေးတင်ပြကြကာ  ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

 

 

By Myanmar Food Guide

Read times
Rate this item
(0 votes)