Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်ကြိတ်သားနှင့် ငရုတ်ပွကြော်

အသက်ကြီးတဲ့သူများနှင့် ငယ်ရွယ်သူများ စားလို့အဆင်ပြေစေမည့်အပြင် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ၀က်သားကြိတ်ပြီးသားနှင့်

ငရုတ်ပွကြော်လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ၀က်သား (ကြိတ်သား)၊ ငရုတ်ပွ၊ ကြက်သားမှုန့်၊ ပဲငံပြာရည်အနောက်၊ ခရုဆီ၊ ကော်မှုန့်၊ ကြက်သွန်ဖြူ၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပန်းငရုတ်ပွကို အရှည်လိုက် အမြှောင်းလိုက်လေးများဖြစ်အောင် လှီးထားပါ။

လှီးထားသော ဝက်သားများကို ကော်မှုန့်နှင့် နယ်လိုက်ပါ။

 

ပြီးလျင် ဆီကို အပူပေးပြီး ဆီပူလာပြီဆိုလျှင် ဝက်သားများကိုထည့်၍ မိနစ်အနည်းငယ်ခန့် ဆီပူလှိမ့်ပေးပြီး အသားများကို ပြန်ဆယ်ထားပါ။

 

ပြီးနောက် ဆီ ထဲသို့ ကြက်သွန်ဖြူများထည့်၍ ဆီသတ်ပြီး ငရုတ်ပွ တို့ကို ထည့်၍ ကြော်လိုက်ပါ။

 

ပြီးရင်တော့ ရေအနည်းငယ်နှင့် ကြက်သားမှုန့်၊ ပဲငံပြာရည်အနောက်၊ ခရုဆီများ ထည့်၍ မွှေပေးပါ။

 

နောက်ဆုံးတွင် ဆယ်ထားသော ဝက်သားများကို ပြန်ထည့်၍ ကြော်လိုက်လျှင် အရသာ ပြည့်စုံကောင်းမွန်သည့် ရှယ် ဝက်ကြိတ်သားနှင့် ငရုတ်ပွကြော်ကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:19
Rate this item
(0 votes)