Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့နာနတ်သီးများကို ပထမဆုံးအကြိမ်ဖြင့် တရုတ်နိုင်ငံသို့ အစိုးရချင်း (Government to Government) ချိတ်ဆက်၍ တင်ပို့ရောင်းချမည်

မြန်မာ့နာနတ်သီးများကို ယခုနှစ်တွင် ပထမဆုံးအကြိမ်ဖြင့် တရုတ်နိုင်ငံသို့ အစိုးရချင်း (Government to Government)

ချိတ်ဆက်၍ တင်ပို့ရောင်းချမှာ ဖြစ်ပြီး မြန်မာ့နာနတ်သီးများသည် ပိုးကျရောက်မှု ဒဏ်ခံနိုင်သည့်အတွက် စိုက်ဧက၏ ၂၀ ရာခိုင်နှုန်းခန့်တွင်သာ ပိုးစေးနှဲအနည်းငယ် ကျရောက်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန အပင်ပိုးမွှားဌာနစုတာဝန်ခံ ဒေါက်တာ ခင်ခင်မာလာမြင့်ထံမှ သိရသည်။

 

“နာနတ်သီးက ပိုးကျရောက်မှု အလွန်နည်းတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။တခါတရံမှာ ရာသီဥတုပေါ်မူတည်ပြီး ပိုးစေးနှဲအနည်းငယ်ကျရောက်တတ်တယ်။ဒါတောင်များများစားစားမကျရောက်တတ်ပါဘူး။စားသုံးသီးနှံဖြစ်လို့ ပိုးသတ်ဆေးသိပ်မဖျန်းဘဲ ဘက်စုံကာကွယ်နှိမ်နှင်းရေးနည်းလမ်းတွေကို ကျွန်မတို့ဌာနအနေနဲ့ တောင်သူတွေ ကို ချပြပေးထားပါတယ်။ ကုန်သွယ်ရေးအတွက် အဟန့်အတားမဖြစ်နိုင်ပါဘူး’’ ဟု ဒေါက်တာ ခင်ခင်မာလာမြင့်က ပြောကြားခဲ့သည်။


လက်ရှိတွင် နာနတ်သီးများကို တရုတ်နိုင်ငံသို့ အစိုးရခြင်း တရားဝင် ချိတ်ဆက်၍ တင်ပို့နိုင်ရန် နာနတ်စိုက်ခင်းများကို လိုက်လံစစ်ဆေးပြီး ပိုးစေးနှဲ အနည်း ငယ်ကျရောက်မှုနှင့် ထိန်းချုပ်ထားမှုအခြေ အနေများကို တရုတ်နိုင်ငံဘက်သို့ အကြောင်းပြန်ထားပြီးဖြစ်သည်။

 

အဆိုပါပိုးများကို ပိုးသတ်ဆေးဖျန်းခြင်း သို့မဟုတ် ခူးဆွတ်ပြီးချိန်တွင် အသီးများကို ရေဆေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ တရုတ် နိုင်ငံဘက်က ပိုးသုံးမျိုးနှင့် မှိုရောဂါတစ်မျိုးကို စစ်ဆေးပေးရန် ပြောကြားထားပြီး ယင်းအသီးများတွင်ကျရောက်သော မှိုရောဂါသည် ရေဝပ်ချိန်တွင်သာ ဖြစ်ပွားတတ်သည့် မြစ်ပုပ်နာရောဂါတစ်မျိုး ဖြစ်သည်။

 

ထို့ပြင် တရုတ်နိုင်ငံက တရားဝင်တင်ပို့နိုင်ရေး စစ်ဆေးရန်အတွက် မြန်မာနိုင်ငံသို့ အကြောင်းပြန်ထားသည်မှာ ရှစ်လခန့်ရှိ နေပြီဖြစ်ပြီး လတ်တလောတွင် COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသည့်အတွက် ယခုနှစ် နာနတ် ရာသီချိန်အတွင်း လာရောက်စစ်ဆေးနိုင်ရန် မဖြစ်နိုင်သေးကြောင်း နှင့် ယင်းကဲ့သို့ လာရောက်စစ်ဆေး ပြီးပါက တရားဝင် တင်ပို့နိုင်ရန် ၈၀ ရာခိုင် နှုန်းသေချာသည်ဟု သိရသည်။

 

နာနတ်သီးကို ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်တို့ တွင် အဓိကစိုက်ပျိုးပြီး ၂၀၂၀ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နာနတ်သီးစိုက်ဧက ၃၅,၀၀၀ ခန့်ရှိခဲ့သည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)