Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

21 7 2023


မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲဈေးနှုန်းအနေဖြင့် မတ်ပဲ ဈေးနှုန်းမှာ လက်ကျန်နည်းခြင်း၊ အဝင်ပုံမှန်၊ မြို့တွင်းပဲခွဲစက်များ အဝယ်ပုံမှန်သာရှိပြီး ရန်ကုန် ဝယ်လက်နည်းသဖြင့် ၆၀ ပိဿာ ၂၁၈၀၀၀ ကျပ်မှ ၂၂၀၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။
ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ဆောင်းလက်ကျန်နည်းခြင်း၊ မိုးပဲမဝင်သေးခြင်း၊ ပဲခွဲစက်များ ဝယ်ယူမှုရှိခြင်း၊ ပဲအရည်အသွေးပေါ်မူတည် ဈေးကွာခြားခြင်းကြောင့် ၃တင်းလျှင် ၁၆၅၀၀၀ ကျပ်မှ ၁၇၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေပြီး ယခင်အပတ်ထက် ဈေးမြင့်နေသည်။
ပဲစဉ်းငုံ (ဖြူ/နီ) မှာ စတင်စိုက်ပျိုးစကာလဖြစ်၍ လက်ကျန်နည်းသော်လည်း အရောင်း အဝယ်အေးခြင်းကြောင့် ပဲစဉ်းငုံ(နီ) ၃တင်း ၂၈၅၀၀၀ ကျပ်၊ ပဲစဉ်းငုံ (ဖြူ) ၂၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုတ် (ရှမ်း/မြန်မာ) တို့မှာ မိုးပဲစိုက်ပျိုးစကာလဖြစ်ခြင်း၊ ဆောင်းလက်ကျန်နည်းခြင်း ကြောင့် မြို့တွင်းလုပ်ငန်းသုံး ဝယ်ယူမှုသာရှိသော်လည်း ပဲပုတ်(မြန်မာ) ၃တင်း ၂၁၀၀၀၀ ကျပ်၊ ပဲပုတ်ရှမ်း ၃တင်း တစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၁၅၇၀၀၀ ကျပ်မှ ၁၆၀၀၀၀ ကျပ် ထိ ဈေးမသိမသာ မြင့်နေသည်။

ကုလားပဲအုပ်စုအနေဖြင့် လက်ကျန်နည်းခြင်း လုပ်ငန်းသုံးနှင့် ပဲခွဲစက်များ အဝယ်ရှိခြင်း၊ ကုလားပဲ (ကုဖြူကြီး) ၃တင်း တစ်အိတ် ၂၅၇၀၀၀ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၄၃၀၀၀ ကျပ် မှ ၂၅၅၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ ခွဲခြမ်းမှာလည်း လုံးဝါကြီး အမြင့်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရ သဖြင့် တစ်ပိဿာ ၅၉၀၀ ကျပ်မှ ၆၃၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
မြေတောက်ပဲ၊ ပဲကြီး (ကြီး/သေး)၊ ထောပတ်ပဲ (သေး) တို့မှာ ဆောင်းလက်ကျန်နည်းခြင်း ကြောင့် အရောင်းအဝယ်အေးသော်လည်း၊ မြေတောက်ပဲ ၅၄ပိဿာ ၃၄၀၀၀၀ ကျပ်၊ ပဲကြီး (ကြီး) ၂၉၅၀၀၀ ကျပ်၊ ပဲကြီး (သေး) ၂၉၀၀၀၀ ကျပ်၊ ထောပတ်ပဲ (သေး) ၂၉၀၀၀၀ ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။

ပဲလွန်းဖြူ/ပြာ မှာ မိုးပဲ မဝင်သေးခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း၊ လက်ကျန်နည်းခြင်း ကြောင့် ပဲလွန်းဖြူ ၃တင်းတစ်အိတ် ၁၄၅၀၀၀ ကျပ်မှ ၁၆၀၀၀၀ ကျပ်၊ ပဲလွန်းပြာ ၁၅၅၀၀၀ ကျပ်မှ ၁၆၅၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ ပဲယင်းနှင့် ထောပတ်ပဲ (သေး) မှာ မိုးပဲ စိုက်ပျိုးထားဆဲဖြစ်၍ လက်ကျန်နည်းခြင်း၊ လုပ်ငန်းသမား၊ လက်လီသမား အဝယ်ရှိခြင်းကြောင့် ပဲယင်း ၆၀ ပိဿာ (၃တင်း) ၁၆၀၀၀၀ ကျပ်မှ ၁၆၂၀၀၀ ကျပ်၊ ထောပတ်ပဲ (သေး) ၂၈၅၀၀၀ ကျပ်မှ ၂၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 29 July 2023 06:03
Rate this item
(0 votes)