Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲစောင်းလျားသီးသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သက်သတ်လွတ်သမားများအတွက် အဆင်ပြေစေမည့်

ပဲစောင်းလျားသီးသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပဲစောင်းလျားသီး၊ နှမ်း၊ ကြက်သွန်နီ၊ ဆား၊ ကြက်သွန်နီဆီချက်၊ ငရုတ်သီးအကျက်မှုန့်၊ သံပရာသီးတို့ လိုအပ်ပါမယ်။

 

ပဲစောင်းလျားသီးတွေကို ရေစင်စင်ဆေး၊ ထိပ်နစ်ဘက်ကို ဖြတ်ပြီး အကြောသင်ထားပါ။

 

ပြီးလျှင် ဒယ်အိုးတစ်လုံးထဲကို ရေထဲ့ပြီး ရေဆူအောင်တည်ထားလိုက်ပါ။

 

ရေနွေးအိုးတည်ထားပြီးလျှင် နှမ်းထောင်းထောင်းထားပါ။ နှမ်းကို အလုံးကွဲရုံလေးကြိတ်ထားပါ။

 

ရေနွေးပွက်ပွက်ဆူထဲကို ပဲစောင်းလျားသီးတွေထည့်ပြီး မိနစ်အနည်းငယ်ထားပါ

 

ထို့နောက်ဆယ်ပြီး ရေခဲရေနဲ့ ခဏစိမ်လိုက်ပါ။ အစိမ်းရောင်တွေ မပျောက်အောင်နဲ့ အနည်းငယ် ကျွတ်နေအောင်လို့ပါ။

 

ပြီးလျှင်တော့ ကတ်ကြေးနဲ့ အနေတော်လေးတွေ ညှပ်ထားပါ။

 

ပဲစောင်းလျားသီး သုပ်တော့မယ်ဆိုရင် ညှပ်ထားတဲ့ ပဲစောင်းလျားသီးတွေကို ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်နီဆီချက်၊ နှမ်းထောင်း၊ ငရုတ်သီးအကျက်မှုန့်၊ ဆားအနည်းငယ်ထည့်ပြီး သံပရာရည်ညှစ်ထည့်ကာ နယ်လိုက်ပါ။ ပြီးရင် ကြက်သွန်နီဆီချက်လေးကို အပေါ်မှဖြူးပြီးရင်တော့ သက်သတ်လွတ်သမားများ အဆင်ပြေစေမည့် ပဲစောင်းလျားသီးသုပ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read 6468 times Last modified on Tuesday, 18 September 2018 15:24
Rate this item
(2 votes)