Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးချေးငွေအပေါ် ၅ ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံသွားမည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးချေးငွေအပေါ် ၅ ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံသွားမည် Google

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တောင်သူလယ်သမားများ ၏ စိုက်ပျိုးရေးအတွက် ချေးငွေအပေါ် အတိုးနှုန်းတစ်နှစ်လျှင်

၅ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံသွားမှာဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ဆင်ဟွာဌာနသို့ ပြောကြားခဲ့သည်။

 

“ဗဟိုဘဏ်က အတိုးနှုန်း အပ်ငွေပေါ်မှာ ၅ ရာခိုင်နှုန်း၊ ချေးငွေပေါ်မှာ ၁၀ ရာခိုင်နှုန်းသတ်မှတ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ လယ်သမားတွေကို သက်သာစေဖို့အတွက်ချေးငွေပေါ်မှာ ၅ ရာခိုင်နှုန်းနဲ့ ပဲချေးပေးတာပါ။ဗဟိုဘဏ်က အတိုးနှုန်းလျှော့လိုက်လို့ တောင်သူတွေကို ချေးတဲ့အတိုးနှုန်း က အရင်နှစ်တွေထက်တော့လျော့သွားပါတယ်’’ ဟု ဦးဝင်းထိုက်က ပြောကြားခဲ့သည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ်လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် လုပ်ကွက်ငယ်တောင်သူ များသို့ စိုက်ပျိုးစရိတ်ချေးငွေများအား နှစ်စဉ်ချေးပေးလျက်ရှိပြီး သီးနှံအမျိုးအစားအလိုက် စပါးတစ်ဧကလျှင် ကျပ်၁၅၀,၀၀၀ နှုန်း၊ အခြားသီးနှံများနှင့် ချက်ကြံကို ၁ဧကလျှင် ကျပ်၁၀၀,၀၀၀ နှုန်းဖြင့် တောင်သူတစ်ဦးချင်းသည် ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းအား ဘဏ်သို့ အပေါင်ဖြင့်ပေးအပ်၍ ကိုယ်တိုင်အာမခံသောစနစ်ဖြင့် ထုတ်ချေးလျက်ရှိသည်။

 

၂၀၂၀ပြည့်နှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်မှ စတင်ထုတ်ချေးသွားမှာ ဖြစ်ပါသည်။ ဆောင်းချေးငွေအတွက် ထုတ်ချေးမည့်ကာလမှာ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ၊ မိုးကြိုချေးငွေအား ၂၀၂၁ခုနှစ် ဇန်နဝါရီလဆန်းမှ မတ် ၃၁ ရက်အထိ၊ မိုးချေးငွေအား ၂၀၂၁ ခုနှစ် မေလဆန်းမှ စက်တင်ဘာ ၃၀ ရက်အထိ အသီးသီး ထုတ်ချေးသွားမှာဖြစ်သည်လို့  သိရသည်။

 

By Myanmar Food Guide

xinhuamyanmar

Read times
Rate this item
(0 votes)