Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ငွေကျပ် (၅၂)ဘီလီယံကို ထုတ်ချေးပေးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ငွေကျပ် (၅၂)ဘီလီယံကို ထုတ်ချေးပေးသွားမည် mdn.gov

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း

နွေစပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ စက်မှုကုန်ကြမ်းသီးနှံနှင့် စားဖိုဆောင်သီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး မြို့နယ်များရှိ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ စုစုပေါင်းငွေကျပ် (၅၂)ဘီလီယံကို ထုတ်ချေးပေးသွားမှာ ဖြစ်သည်ဟု  စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးမန်နေဂျာ ဦးမျိုးမြင့်ဦးထံမှ သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမည့် ဆောင်းသီးနှံစုံ (၄၈၇၄၅၈)ဧကအတွက် ချေးငွေများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၁၀)ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအကုန်အထိ သက်ဆိုင်ရာ မြို့နယ်များရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များမှ ထုတ်ချေးပေးလျက်ရှိသည်။

 

“ ပဲမျိုးစုံ၊ စားဖိုဆောင်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံနဲ့ နွေစပါးစတဲ့ ဆောင်းသီးနှံ (၄၈၇၄၅၈)ဧက အတွက် စိုက်ပျိုးစရိတ်ချေးငွေတွေကို ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေကို ရယူကြမယ့် တောင်သူများအနေနဲ့ သတ်မှတ်စာရွက်စာတမ်း အထောက်အထားတွေနဲ့တကွ သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ လယ်စိုက်ဘဏ်တွေမှာ ထုတ်ယူနိုင်ပါပြီ ” ဟု စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီး မန်နေဂျာ ဦးမျိုးမြင့်ဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၃၄)မြို့နယ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးသီးနှံ စိုက်ပျိုးချိန်တွင် တောင်သူ(၃၂၀၃၃၇)ဦးတို့မှ စပါး(၁၂၁၆၃၄၂)ဧက၊ အခြားသီးနှံ (၅၇၁၁၅၇)ဧကတို့အတွက် စုစုပေါင်းချေးငွေ (၂၃၉.၅၆)ဘီလီယံကို လည်းကောင်း၊ ကိုဗစ်ကာလအတွင်း စိုက်ပျိုးရေးတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစေရန် အထူးချေးငွေ အဖြစ် တောင်သူ (၃၁၄၉၀၂)ဦးတို့၏ စိုက်ဧက(၁၇၉၆၈၆၉)ဧကအတွက် စုစုပေါင်းကျပ် (၈၉.၈၄)ဘီလီယံကို ထုတ်ချေးပေးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။

 

By Myanmar Food Guide

Read 935 times
Rate this item
(0 votes)