Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


COVID-19 ကာလတွင် လက်ဖက်ခြောက်အကြမ်းခြောက်ထုတ်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့

COVID-19 ကာလတွင် လက်ဖက်ခြောက်အကြမ်းခြောက်ထုတ်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ Google

COVID-19 ကာလတွင် လက်ဖက်ရည်ဆိုင်များပိတ်ခြင်းအပါအဝင် အခြားအကြောင်းများကြောင့် လက်ဖက်ခြောက်အကြမ်းခြောက်ထုတ်လုပ်မှုမှာ

၇၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့သည်ဟု မြန်မာနိုင်ငံလက်ဖက်လုပ်ငန်းရှင်များ အသင်းမှ နာယက ဦးကျော်သီဟက ဆင်ဟွာဌာနသို့ ပြောကြားခဲ့သည်။


“လက်ဖက်ရည်ဆိုင်တွေကပါဆယ်စနစ်နဲ့ရောင်းတော့ ဆိုင်ထိုင်ရင်းနဲ့ ရေနွေးကြမ်းသောက်ကြတာဆိုတော့ လက်ဖက်ခြောက် အကြမ်းခြောက်က ရောင်းအား ၇၀ ရာခိုင်နှုန်းလောက်ကျသွားတယ်။ လုပ်ငန်းရှင်တွေလည်း ဝန်ထမ်းလျှော့တာ၊ စက်ရုံယာယီပိတ်ရတာတွေရှိလာတယ်။ အခုဒုတိယလှိုင်းမှာ ပိုပြီးအေးစက်သွားတယ်။ တခြားလက်လီဆိုင်တို့၊ ဈေးတို့၊ စူပါမားကက်တွေမှာလည်း အရောင်းကျသွားတယ်။’’ ဟု ဦးကျော်သီဟက ရှင်းပြသည်။

 

မြန်မာနိုင်ငံတွင် အမျိုးသားအများစုမှာ လက်ဖက်ရည်ဆိုင်ထိုင်သည့် အလေ့အထရှိခြင်း၊ လက်ဖက်ရည်ဆိုင်များမှ လက်ဖက်ခြောက်အား အဓိက ဝယ်ယူမှုရှိခြင်း၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စားခွင့် ပိတ်သည့် အချိန်တွင် လက်ဖက်ခြောက်ဝယ်လိုအား မှာ သိသာစွာကျဆင်းသွားခဲ့သည်ဟု ဆိုပါသည်။ 

 

၂၀၂၀ပြည့်နှစ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် လက်ဖက်ထွက်ရှိနှုန်း ၃၀ ရာခိုင်နှုန်းကျဆင်းသွားသော်လည်း လုပ်ငန်းများဘက်မှ ဝယ်လိုအားကျဆင်းသောကြောင့် လက်ဖက်ပွဲရုံများတွင်လည်း လက်ဖက်များပုံလျက်ရှိသည်။


“မိုးရာသီမှာ ခါးကန့်လက်ဖက်ခူးဆွတ်ရတာပေ့ါ။ ရာသီဥတုကြောင့် ထွက်နှုန်း ၃၀ ရာခိုင်နှုန်းကျတယ်။ ဒါပေမယ့်လုပ်ငန်းရှင်တွေက မဝယ်နိုင်တော့ တောင်သူတွေမှာလည်း အထွက်နှုန်းကျတာတောင် လက်ဖက်တွေ ပုံနေတယ်’’ ဟု ဦးကျော်သီဟက ပြောကြားသည်။

 

မြန်မာနိုင်ငံမှာ လက်ဖက်အားရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် အဓိကစိုက်ပျိုးကြပြီး လက်ရှိမှာ တစ်ပိဿာဈေးအနေဖြင့်နေလှန်းခြောက်သည် ကျပ် ၅,၀၀၀နှင့် လက်ဖက်စိမ်း (Green Tea) သည် ကျပ်၁၀,၀၀၀ ဝန်းကျင် ရှိပါသည်။

 

By Myanmar Food Guide

xinhuamyanmar

Read times
Rate this item
(0 votes)