Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စျေးကွက်ဝင် မြန်မာ့ကော်ဖီ

မြန်မာ့ကော်ဖီစျေးကွက်တွင် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားကောင်းလာသောကြောင့် ကော်ဖီစေ့ တစ်တန်လျှင်

အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့်အထိ ပေါက်စျေးနှုန်းရှိကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။

 

တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ မှ ၄၅၀၀ ပေါက်စျေးရှိနေသော်လည်း လက်ရှိတွင် ဝယ်လိုအား မြင့်တက်လာသောကြောင့် အမေရိကန်ဒေါ်လာ ၄၅၀၀ မှ ၅၀၀၀ အထိစျေးရရှိနေခြင်းဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက စုစုပေါင်း နှစ်သိန်းကျော်ကို အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိရာ ဧက ၅၀၀၀ ကျော်သာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ် ကော်ဖီစေ့တန်ချိန် ၉၀၀၀ ကျော်ထွက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကော်ဖီများကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် ပြည်ပနိုင်ငံများဖြစ်သော ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဒူဘိုင်း၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ဂျာမနီနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ကော်ဖီစေ့တန်ချိန် ၅၀၀ နီးပါး တင်ပို့ထားပြီဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ကော်ဖီကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း အနည်းငယ်စိုက်ပျိုးကြောင်း သိရသည်။

 

နိုင်ငံတကာတွင် ကော်ဖီကို တန်ဖိုးထားမက်မောစွာသောက်သုံးကြသလို မြန်မာနိုင်ငံတွင်လည်း ကော်ဖီသောက်သုံးသည့် အလေ့အထရှိကြသည်။

 

မြန်မာနိုင်ငံ၌ စျေးကွက်ဝင်ကော်ဖီမျိုး စိုက်ပျိုးလျက်ရှိပါသည်။ လက်ရှိကော်ဖီစိုက်ဧက သုံးသောင်းကျော်ရှိပြီး ဒေသအလိုက် ကော်ဖီစေ့မှ ကော်ဖီမှုန့်ဖြစ်လာသည့် အာရေဗီကာနှင့် ရိုလက်စတာနှစ်မျိုးကို အဓိကစိုက်ပျိုးကြသည်။

 

ပြင်ဦးလွင်ဒေသသည် ကော်ဖီစိုက်ပျိုးမှု အမျာဆုံးဖြစ်ပြီး ကော်ဖီစိုက်ဧက တစ်သောင်းကျော်ရှိကာ စျေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်သည်။

 

ပြင်ဦးလွင်၌ ကျင်းပသည့် သတ္တမအကြိမ်မြောက် ကော်ဖီအရည်အသွေး အကဲဖြတ်ပြိုင်ပွဲတွင် ထုတ်လုပ်မှု အမျိုးအစားအလိုက် အဆင့်အမြင့်ဆုံး ကော်ဖီဆုများကို ပင်လောင်း၊ ရွာငံ၊ ဟိုပုံး၊ ပြင်ဦးလွင်နှင့် နောင်ချို ဒေသတို့မှ ကော်ဖီလုပ်ငန်းရှင်များက ရရှိသွားကြသည်။

 

ပြိုင်ပွဲတွင် ကော်ဖီများ၏ အရည်အသွေးနှင့် အနံ့အရသာတို့ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုင်စင်ရ ပြည်ပပညာရှင်၊ ပြည်တွင်းပညာရှင်များက မြည်းစမ်းစိစစ် ရွေးချယ်ပေးခဲ့ကြခြင်းဖြစ်ရာ ဆုရကော်ဖီများ၏ အရည်သွေးသည် အဆင့်အမြင့်ဆုံး ဖြစ်မည်မှာ ယုံမှားသံသယမရှိ သေချာမည်သာဖြစ်ပါသည်။

Read times
Rate this item
(0 votes)