Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ မြန်မာနိုင်ငံမှ ကုမ္ပဏီများ ရေထွက်ကုန်ပစ္စည်း ပြန်လည်တင်ပို့ခွင့်ရရှိ

ဆော်ဒီအာရေးဗီးယားနိုင်ငံသည်၂၀၁၈ ခုနှစ်၊ ဧပြီလ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံမှ မွေးမြူရေးငါးများ တင်ပို့မှုကို ယာယီရပ်ဆိုင်းခဲ့ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြန်မာကုမ္ပဏီများအနေဖြင့် မွေးမြူရေးငါးများကို ပြန်လည် တင်ပို့ခွင့်ရရှိရေးနှင့် စပ်လျဉ်း၍ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအာဏာပိုင် (Saudi Food and Drug Authorities-SFDA) နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

 

ထိုသို့ ညှိနှိုင်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံမှ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ရရှိရေး အဆိုပြုထားသည့် ငါး/ပုစွန်ပြုပြင်ထုတ်လုပ်ရေးစက်ရုံ (၂၄) ရုံအနက်

 

စက်ရုံ (၂၁) ရုံအား ဆော်ဒီအာရေးဗီးယားနိုင်ငံSFDA မှ အတည်ပြုခဲ့ပြီးဖြစ်၍ မွေးမြူရေးငါးများအား ပြန်လည်တင်ပို့ခွင့်ရရှိပြီဖြစ်ပါသည်။ ကျန်ရှိသည့် စက်ရုံ (၃) ရုံအတွက် တင်ပို့ခွင့်ရရှိရေးကိုလည်း ငါးလုပ်ငန်းဦးစီးဌာနမှ ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

 

MYANTRADE

Read 1055 times
Rate this item
(0 votes)