Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာ

အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ ထုတ်ပြန်ကြေညာထားပါသည်။

အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် (၁ /၂၀၂၁)

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်


၁။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မည့် စပါး သီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အောက်ပါအတိုင်း ထုတ်ပြန် လိုက် သည်။


၂။ အစိုဓာတ် (၁၄)% ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆) ပေါင်ကိုက် စပါး တင်း(၁၀၀)၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို (၅၄၀,၀၀၀) ကျပ် သတ်မှတ်လိုက်သည်။
၃။ ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင် ဖြစ်ပါက ဈေးကွက် ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်း အောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ပါသည်။ ယခုသတ်မှတ်သော | အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် | ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။


၄။ အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသော တောင်သူလယ်သမားများ အနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေအသင်းချုပ် ရုံးချုပ် (ဖုန်း၊ ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆)သို့ ဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။


တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့

 

 

244632338_4730785976953288_2908855271961056170_n.jpg

Read times
Rate this item
(0 votes)