Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ငံစပ် အပ်မှိုသုပ် ပြုလုပ်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အသစ်အဆန်းလေးသုပ်စားချင်သူများနှင့် ချဉ်ငံစပ်စားချင်သူများ

အတွက် အပ်မှိုသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ အပ်မှို၊ ခရမ်းချဉ်သီး၊ နှမ်း၊ ရွှေပဲသီး၊ ကြက်သွန်နီ၊ ငါးပိထောင်း၊ ငရုတ်သီးစိမ်း၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီ၊ သံပရာသီးတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး အပ်မှိုနှင့် ရွှေပဲသီးကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူထဲကို ထည့်လိုက်ပါ။ ရေနွေးထဲမှာ ဆား၊ ဟင်းခတ်မှုန့် ခပ်ထားပါ။ အပ်မှိုကျက်လျှင် ဆယ်ယူလိုက်ပါ။

 

ပြီးနောက် ခရမ်းချဉ်သီးနှင့် ကြက်သွန်နီကို ပါးပါးလှီးပြီး ထည့်လိုက်ပါ။ ငရုတ်သီးစိမ်းကို ညက်အောင် ထောင်း၍ ထည့်လိုက်ပါ။

 

ပြီးရင်တော့ ငါးပိထောင်းကို ထည့်ပြီး သံပရာရည်ထည့်လိုက်ပါ။ နောက်ဆုံးမှ ဆီအနည်းငယ်ထည့်၍ သမအောင်နယ်ပြီးလျှင်တော့ ချဉ်ငံစပ် အပ်မှိုသုပ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:21
Rate this item
(1 Vote)