Myanmar
ကောက်ကြီးစပါးများ မပေါ်မီ လှောင်လက်များ စပါးဝယ်ယူမှု မြင့်တက်နေ
ကောက်ကြီးစပါးများပေါ်ချိန်တွင် ရောနှောရောင်းချမှုများ ရှိနိုင်သည့်အတွက် စပါး မပေါ်မီ လှောင်လက်များ စပါးဝယ်ယူမှု မြင့်တက်နေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
လက်ရှိတွင် စပါးဈေးနှုန်းမြင့်တက်နေ သည့်အတွက် ဆန်ကြိတ်ခွဲရန် တွက်ခြေ မကိုက်သော်လည်း ဝယ်ယူမှုများရှိနေသည်။
အခုကာလက စပါးဝယ်ယူတဲ့ကာလ ဖြစ်လို့ တွက်ခြေမကိုက်လည်း ဝယ်ကြမှာပါပဲ။ ဒါပေမဲ့ အခုကာလမှာ မဝယ်ရင်လည်း နောက်တစ်လလောက်ဆိုရင် ကောက်ကြီး စပါးတွေပေါ်လာတော့မှာပါ။ ကောက်ကြီး စပါးတွေပေါ်လာရင် ပေါ်ဆန်းစပါးတွေမှာ အရောအနှောတွေ ပါလာနိုင်တဲ့အတွက် ပေါ်ဆန်းလှောင်တဲ့သူတွေက အခုကာလ မှာ ဝယ်ယူကြတာပါ ဟု ဆန်စပါးကုန်သည် ဦးကျော်နိုင်ကပြောသည်။
ယခုနှစ် ပေါ်ဆန်းစပါးပေါ်ချိန်မှစ၍ လက်ရှိအချိန်ထိ ဈေးနှုန်းအနည်းငယ်သာ မြင့်တက်မှုရှိကြောင်း သိရသည်။
မိုးစပါးဖြစ်သည့် ပေါ်ဆန်းစပါး စတင်ထွက်ပေါ်ချိန်က စပါးတင်း ၁၀၀ လျှင် ငွေကျပ် ရှစ်သိန်းခွဲဝန်းကျင်ရှိသော် လည်း လတ်တလောတွင် ငွေကျပ်ကိုးသိန်းမှ ကိုးသိန်းနှစ်သောင်းအထိ ဈေးနှုန်းရှိနေကြောင်း၊ ထို့ပြင် ပေါ်ဆန်းဆန်သစ်ဈေး နှုန်းများမှာ အရောင်းအဝယ်ပေါ်မူတည်၍ တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀ ဝန်းကျင် အထိ ဈေးနှုန်းအတက်အကျ အနည်းငယ်သာရှိကြောင်း သိရသည်။
နေနေ