Myanmar
မာလာကြက်သားအစပ်ကြော်
ကြက်သားကို ပုံစံတစ်မျိုးနဲ့ စားချင်သူများအတွက် မာလာကြက်သားအစပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ ကြက်သားမှုန့်၊ အကြော်မှုန့်၊ ငရုတ်သီးခြောက်ကြော်၊ မာလာငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး ကြိတ်စက်ဖြင့်ကြိတ်စက်ဖြင့် ကြိတ်ပေးထားပါ။ ပြီးနောက် ကြက်သားမှုန့်နှင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
ပြီးလျှင် ကြက်သားကို အကြော်မှုန့်ဖြင့် နယ်ပေးပါ။
Read More >>>>>> နေ့စဉ် အသီးအရွက်သုပ်တစ်မျိုးမျိုးကို စားကြပါစို့
ပြီးနောက် ဆီအပူပေးပြီး ကြက်သားကို ရဲလာသည်အထိ ၅ မိနစ်ခန့်ကြော်ပေးပါ။
ပြီးလျှင် ကြော်ပြီးသားကြက်သားကိုဆယ်ပြီး ၁မိနစ်ခန့်ထားထားပါ။
ပြီးနောက် ရွှေရောင်သမ်းလာသည်အထိ နီရဲပြီး ကြွပ်လာသည်အထိ ထပ်ကြော်ပေးပါ။
ပြီးလျှင် အိုးအပူပေးပြီး မီးအေးအေးဖြင့် ကြက်သွန်ဖြူ ဆီသတ်ပေးပါ။
ပြီးနောက် ကြက်သွန်ဖြူကြွပ်လာလျှင် ငရုတ်သီးခြောက်ကြော်၊ ကြော်ထားသောကြက်သားနဲ့ မာလာငရုတ်သီးမှုန့် တို့ကိုထည့်ပေးပါ။
ပြီးလျှင် အရသာကို စိတ်တိုင်းကျသည်အထိ အတိုးအလျှော့ပြုလုပ်၍ ပန်းကန်ထဲသို့ထည့်ပြီးရင်တော့ မာလာကြက်သားအစပ်ကြော်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။



