Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ခရမ်းသီးချောင်း ကြွပ်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မိသားစုဆုံတုန်းလေး ကလေးများကြိုက်နှစ်စေမည့်အပြင်

အရသာတွေ့စေမည့် ခရမ်းသီးအကြွပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ခရမ်းသီး၊ ဆီ၊ ဆား၊ ဆန်မှုန့်၊ နနွင်းမှုန့်၊ မဆလာ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ခရမ်းသီးကို ရေဆေးသန့်စင်ပြီး အလျားလိုက်အချောင်းလေးများဖြစ်အောင်လှီးဖြတ်ထားပါ။ ပြီးရင် ခရမ်းသီးကို အနည်းငယ်မာသွားအောင် ရေခဲရေနှင့် တစ်နာရီကျော်ကြာ စိမ်ထားပေးပါ။

 

ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဒယ်အိုးထဲကိုဆီ များများထည့်ပြီး မီးအနေတော်နဲ့ အပူပေးထားပါ။

 

ဆီအပူပေးနေတဲ့အချိန်မှာ ဆန်မှုန့်၊ နနွင်းမှုန့်၊ မာဆလာနဲ့ ဆားတို့ကို ရောနယ်ထားပါ။

 

ပြီးရင်တော့ ရေခဲစိမ်ထားတဲ့ ခရမ်းသီးအချောင်းလိုက်ကို ဆန်မှုန့်နစ်ထဲနစ်လိုက်ပြီး ဆီပူပူထဲမှာ ထည့်ကြော်ပေးပါ။

 

ရွှေဝါရောင်သမ်းလာပြီဆိုရင်တော့ ဇကာထည့်ပြီး ဆီစစ်ထားပါ။ ပြီးရင်တော့ ကလေးများအကြိုက်တွေ့စေမည့်အပြင် လူကြီးများလည်း ကြိုက်နှစ်သက်စေမည့် ခရမ်းသီးအကြွပ်ကြော် ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Tuesday, 18 September 2018 15:29
Rate this item
(1 Vote)