Myanmar



မန္တလေး ဆီထွက်သီးနှံ မြေပဲ နှမ်း (ဖြူ/ညို/နက်) ပန်းနှမ်းနှင့် စားသုံးဆီဈေးနှုန်း အတက်အကျများ

မန္တလေး ဆီထွက်သီးနှံ မြေပဲ နှမ်း (ဖြူ/ညို/နက်) ပန်းနှမ်း  နေကြာ  ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 ၂၃ ၃ ၂၀၂၃

.

မန္တလေးပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက်

မြေပဲ(လုံးဆံ/ဆီဆံ)ဈေးနှုန်းများအနက် မြေပဲ(လုံးဆန်)မှာ ဆောင်းမြေပဲအသစ်အဝင်နည်းခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်း ၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် မြေပဲ(လုံးဆံ) ၁၀၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၆၃၀၀၀၀ ကျပ် မှ ၆၄၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
.
မြေပဲ(ဆီဆန်)မှာ အသစ်အဝင်အနည်းငယ်ရှိခြင်း ၊ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၁၀၀ ပိဿာ ၆၀၀၀၀၀ ကျပ် မှ ၅၉၀၀၀၀ ကျပ် သို့ ဈေးမသိမသာ နိမ့်သွားသည်။
.
နှမ်းမျိုးစုံ ဈေးနှုန်းများမှာ ဆောင်းနှမ်း အဝင်နည်းသွားသော်လည်း နှမ်းဖြူအား တရုတ်ဝယ်လက်နည်းခြင်း ၊ လုပ်ငန်းသမား အဝယ်သာ ရှိခြင်းကြောင့် ၄၅ ပိဿာ ၃၂၀၀၀၀ ကျပ် မှ ၃၂၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်နေသည်။နှမ်းညိုမှာ အဝင်ပုံမှန် ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၅၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး နှမ်းနက်(စမုံ)မှာ တရုတ်ဝယ်လက်ရှိခြင်း ၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းတိုကြောင့် အရည်အသွေးအညံ့ဆုံး ၂၆၅၀၀၀ ကျပ် မှ အကောင်းဆုံး ၂၉၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

.
ပန်းနှမ်းမှာ အဝင်ပုံမှန် ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိသော်လည်း ၄၅ ပိဿာ ၁၇၄၀၀၀ ကျပ် ဖြင့် ဈေးငြိမ်နေပြီး နေကြာမှာ ဆီစက်သမား အဝယ်နည်းခြင်း ၊ ဆောင်းနေကြာ ဝင်ရောက်မှုရှိခြင်းကြောင့် ၂၇ ပိဿာ ၁၀၀၀၀၀ ကျပ် မှ အရည်အသွေးကောင်း ၉၈၀၀၀ ကျပ် ၊ အရည်အသွေးညံ့ ၉၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။
.
စားသုံးဆီဈေးနှုန်းများအနေဖြင့် ပဲဆီ တစ်ပိဿာ ၁၁၅၀၀ ကျပ် မှ ၁၂၅၀၀ ကျပ် ၊ နှမ်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ၊ ပဲပုတ်ဆီ တစ်ပိဿာ ၅၈၀၀ ကျပ် မှ ၆၅၀၀ ကျပ် ၊ နေကြာဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

  TO GET INSTANT UPDATE 

Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 23 March 2023 15:16
Rate this item
(0 votes)