Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ပန်းမုံလာစိုက်ပျိုးတောင်သူများ အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းချေးငွေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ရာသီပေါ်သီးနှံ ပန်းမုံလာစိုက်ပျိုးတောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

"ကျွန်တော်ကတော့ မြစိမ်းရောင်စီမံကိန်းက ရရှိတဲ့ချေးငွေနဲ့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ပါတယ်၊ အဓိကတော့ ပန်းမုံလာနဲ့ မုံလာကို စိုက်ပျိုးပါတယ်၊ ကျွန်တော် ဒီနှစ် ပန်းမုံလာအပင် (၂၀၀၀)လောက် စိုက်ပျိုးထားပါတယ်၊ မျိုးစေ့ဖိုးနှင့် လုပ်အားခအပါအဝင် ကုန်ကျစရိတ်အားလုံး တစ်သိန်းခွဲလောက်ကုန်တယ်၊ လက်ရှိပေါက်ဈေးက ပန်းမုံလာတစ်ပွင့်ကို ၄၀၀ ကျပ်၊

 

၅၀၀ ကျပ် နှုန်းရှိတော့ ပန်းမုံလာဝင်ငွေ (၈)သိန်းလောက် ရရှိနိုင်မယ်လို့ ကျွန်တော်ခန့်မှန်းထားပါတယ်၊၊ ဒီစီမံကိန်းချေးငွေ မရှိခင်တုန်းက ရင်းနှီးငွေကို အပြင်မှာ အတိုးနဲ့ချေးပြီး ယူရတယ်၊ မြေဩဇာဝယ်ရင်လဲ တစ်လကို ၁၀၀၀ ကျပ်နှုန်း အတိုးပေးပြီးဝယ်ရတော့ အမြတ်ငွေက သိပ်မကျန်ဘူး၊ အခုမြစိမ်းရောင်စီမံကိန်းက ချေးငွေနဲ့ဆိုတော့ အဆင်ပြေတယ်၊ တစ်နှစ်ထက်တစ်နှစ် အပင်ရေပိုပိုပြီး စိုက်လာနိုင်ပါတယ်" ဟု ပန်းမုံလာစိုက်ပျိုးသည့် တောင်သူ ဦးနိုင်လင်းက ပြောသည်။

 

ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရင်းနှီးမတည်ငွေကျပ်သိန်း ၃၀၀ စီဖြင့် ကျေးရွာပေါင်း ၃၅ ရွာ ၂၁ ယူနစ်ဖြင့် အကောင်အထည်ဖော်လျက်ရှိရာ စိန်လည်+ရှမ်းစု (၂)ရွာပေါင်း တစ်ယူနစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်မှ

 

စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ရင်းနှီးမတည်ငွေရရှိသည့်အပြင် အဆိုပါ စီမံကိန်းအတိုးရငွေနှင့် ရွာတွင်းလျှပ်စစ်မီးရရှိရေး လုပ်ငန်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)

Read times
Rate this item
(0 votes)