Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ်ခရမ်းသီးပေါင်း

ဝါတွင်းကာလအချိန်သမယတွင် သက်သတ်လွတ်သမားအတွက် ရည်ရွယ်ပြီး သက်သတ်လွတ် ခရမ်းသီးပေါင်းပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ခရမ်းသီး၊ မှို၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအနီ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ခရမ်းသီးကို အကွင်းလိုက် မထူမပါး လှီးဖြတ်ပြီး ရေဆေးထားပါ။

 

ပြီးနောက် ဇလုံတစ်လုံးထဲ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အခွံနွှာပြီး နုပ်နုပ်စဉ်းထားပါ။

 

ပြီးလျှင် ငရုတ်သီးကို ထက်ခြမ်းခြမ်းထားပါ။ ပြီးနောက် ဆား၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ နှမ်းဆီမွှေးထည့်ပြီး မွှေပေးထားပါ။

 

ပြီးလျှင်တော့ လှီးထားတဲ့ ခရမ်းသီး၊ မှိုတို့အပေါ်ကို လောင်းထည့်ပြီး ၁၅ မိနစ်ခန့် ပေါင်းပေးပါ။

 

ပြီးနောက် ခရမ်းသီးနူးပြီး အရသာလည်း အနေတော်ဖြစ်ပြီဆိုလျှင် ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်ကို အပေါ်ယံ ဖြူးထည့်ပြီး ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(3 votes)