Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


တောင်သူလက်ကျန် ကြက်သွန်နီ အဟောင်းများ ဝယ်သူမရှိ၍စွန့်ပစ်နေရ

မုံရွာဈေးကွက်တွင် ယခင် နှစ်ဆောင်းရာသီက စိုက်ပျိုးခဲ့ သော တောင်သူလက်ကျန် ကြက် သွန်နီအဟောင်းများ ဝယ်သူမရှိ၍ စွန့်ပစ်နေရကြောင်း မုံရွာမြို့နယ် မြေနဲကျေးရွာဒေသခံ ကြက်သွန်နီ စိုက်တောင်သူများက ပြောသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလလယ် က မုံရွာဈေးကွက်သို့ မိုးရာသီစိုက် ကြက်သွန်နီများ စတင်ဝင်လာပြီး တစ်ပိဿာကျပ်လေးရာဝန်းကျင် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော် လည်း ယခင်နှစ်လက်ကျန် ကြက် သွန်နီအဟောင်းများမှာ တစ် ပိဿာ ကျပ်တစ်ရာအောက်ကျ ဆင်းကာဝယ်သူမရှိ၍ စွန့်ပစ်နေ ရကြောင်း မြေနဲကျေးရွာကြက် သွန်နီစိုက်တောင်သူ ဦးအောင် ထူးကပြောသည်။

 

‘‘ကျွန်တော်ကိုယ်တိုင်လည်း ကြက်သွန်အဟောင်း ပိဿာ လေး၊ ငါးထောင်လောက် စွန့်ပစ် လိုက်ရတယ်။ အရင်ဒီလိုပစ်ရ တာက ကြက်သွန်တောင်သူတွေ လောဘနဲ့လှောင်ရင်း ဈေးပြုတ် ကျသွားလို့ပစ်လိုက်ရတာ။ အခု ဟာက ကြက်သွန်အဟောင်းရတဲ့ ဈေးနဲ့ရောင်းချင်တာကို ဝယ်တဲ့ သူ လုံးလုံးမရှိတော့တာ’’ဟု ဦးအောင်ထူးက ပြောသည်။

 

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ကြက်သွန်နီ တစ်ပိဿာလျှင် ငွေ ကျပ် နှစ်ထောင်ကျော်အထိ ဈေး ကောင်းရရှိခဲ့၍ ၂၀၂၀ပြည့်နှစ် တွင် ကြက်သွန်နီစိုက်ပျိုးသူများ ပြားခဲ့ကြောင်း၊ သို့သော် COVID-19 ကြောင့် ပြည်တွင်း၊ပြည်ပ ဈေးကွက်ဝယ်ယူမှုနည်းပါးခဲ့၍ ဒီဇင်ဘာလအတွင်း ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်ရာဝန်းကျင် အထိ ဈေးကျဆင်းခဲ့ခြင်းဖြစ် ကြောင်း မုံရွာဒေသခံကြက်သွန်နီ ရောင်းချသူများကပြောသည်။

 

လက်ရှိတွင် မိုးရာသီစိုက် ကြက်သွန်နီများ စတင်တူးဖော် ရောင်းချချိန် တစ်ပိဿာလျှင် ကျပ်လေးရာနှုန်းဖြင့် ရရှိသဖြင့် တောင်သူအများစု ရောင်းချလိုသူ များပြားနေကြောင်းမုံရွာမြို့ ပြည် တော်သာရပ်ကွက် ဒေသခံ ကြက်သွန်စိုက် တောင်သူတစ်ဦး က ပြောသည်။

 

7day.news

Read times
Rate this item
(0 votes)