Myanmar



မန္တလေး ဟင်းသီးဟင်းရွက်နှင့် အသီး ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

20 7 2023


မန္တလေးကိုင်းတန်းဈေးတွင် ခရမ်းချဉ် (ရှမ်း) တစ်မျိုးထဲသာ ဝင်ရောက်ပြီး မြစ်ကြီးနား၊ လုံးခင်းတင်ပို့ရမှုနည်းခြင်း၊ အဝင်များခြင်းကြောင့် ၂၀ပိဿာ တစ်သေတ္တာလျှင် ၁၈၀၀၀ ကျပ် ဈေးရှိ သည်။

 

ငရုတ်စို (ရှည်) မှာ သာစည်တပ်ကုန်းမှ ဝင်ရောက်ပြီး မြို့တွင်းသုံးဝယ်ယူမှုသာရှိပြီး နယ်ဝေး တင်ပို့ရမှုနည်းသဖြင့် တစ်ပိဿာ ၂၂၀၀ ကျပ်၊ ဈေးရှိသည်။


ငရုတ်စို (လတ်) မှာ မန္တလေးဝန်းကျင်၊ အနီးစခန်း၊ ပုသိမ်ကြီးတို့မှ ဝင်ရောက်မှု ပုံမှန်ရှိသဖြင့် တစ်ပိဿာ ၅၅၀၀ ကျပ် ဈေးရှိသဖြင့် လုပ်ငန်း သမားနှင့်ကွပ်ခိုင်(၅)ရက် တဈေးတင်ပို့မှုရှိသည်။

 

သစ်သီးဝလံဈေးနှုန်းအနေဖြင့်

 

ဖရဲသီးများ မန္တလေးဝန်းကျင်မှ ဝင်ရောက်ပြီး တစ်ပိဿာ ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းဝယ်နေသည်။

 

သခွားမွှေး ၄လုံး တစ်ဖာလျှင် အရည်အသွေးပေါ်မူတည်၍ ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်၊ ပီနံအိတ်တွင် ၂၅လုံးခန့်ထည့်ပြီး အပေါ်မှ ပိတ်ကာ မူဆယ် လောက်ကိုင်သို့ တင်ပို့မှုရှိသည်။

 

သီပေါနာနတ်များ အဝင်များသော်လည်း အရည်အသွေးပေါ် မူတည်၍ တလုံး ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ဈေးများဖြင့် မြို့တွင်းလက်လီနှင့် အမှာရှိသော မြို့များ သို့ တင်ပို့မှုရှိသည်။

 

ရမည်းသင်းစပျစ်သီးတစ်ပိဿာ ၅၅၀၀ ကျပ် တရုတ်စပျစ်သီး ၇ပိဿာ တခြမ်း ၇၅၀၀၀ ကျပ် မှ ၁၀၀၀၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေသည်။


ရင်ကွဲသရက်သီးများ အလုံး ၅၀မှ ၆၀ ပါတခြမ်း အရည်အသွေးပေါ်မူတည်၍ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

 

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Thursday, 20 July 2023 19:04
Rate this item
(0 votes)