Myanmar
အသားအရေလှပစေပြီး အဆီမတက်စေတဲ့ အရွက်သုပ်နည်း
ဒီကနေ့တင်ပြမည့်အကြောင်းအရာကတော့ ညဘက်ထမင်းမစားသူများအတွက်
အသားအရေလှပစေမည့်အပြင် အဆီမတက်စေတဲ့ လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ အရွက်သုပ်နည်းလေးကို ဖော်ပြလိုက်ပါတယ်။
လိုအပ်သောအမယ်များကတော့ ဆလပ်ရွက်၊ သခွားသီး၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ဆား၊ မရောနိစ်၊ သံလွင်ဆီ တို့ လိုအပ်ပါမယ်။
ဆလပ်ရွက်၊ သခွားသီး၊ ပန်းသီး၊ ခရမ်းချဉ်သီး များကို ကိုယ်စားနိုင်သလောက် တစ်ပန်းကန်စာ သင့်တော်သည့် ပမာဏကို မိမိအကြိုက် ချင့်ချိန်၍ ပါးပါးလှီးပြီး ထည့်လိုက်ပါ။
ပြီးနောက် သံလွင်ဆီကို အနည်းငယ်ထည့်၊ ဆားအနည်းငယ် ထည့်၊ မရောနိစ်ထည့် လိုက်ပါ။ ပြီးလျှင် အားလုံးကို သေချာသမအောင်မွှေပြီးလျှင်တော့ ညစာအစားထိုး အရွက်သုပ်ကို သုံးဆောင်နိုင်ပါတယ်။
အထက်ပါအရွက်များအပြင် အခြားဟင်းသီးဟင်းရွက်များကိုလည်း မိမိစိတ်ကြိုက် အစားထိုး သုံးဆောင်နိုင်ပါတယ်။