Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းခရမ်းသီးပဲပုပ်ထောင်း

ရှမ်းပြည်နယ်ရောက်မှ ဒေသထွက်အစားအစာကို စားရသူများအတွက် မိမိအိမ်တွင်လည်း လွယ်လင့်တကူ ဒေသထွက် အစားအစာကို စားနိုင်ဖို့အတွက် ရှမ်းခရမ်းသီးပဲပုပ်ထောင်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ခရမ်းသီး၊ ကြက်သွန်ဖြူ၊ ပဲပုပ်ပြား၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ဖက်ဖယ်ရွက်၊ အသားမှုန့်၊ ဆား တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ခရမ်းသီး၊ ခရမ်းချဉ်သီး၊  ကြက်သွန်ဖြူ၊ ပဲပုတ်၊ ငရုတ်သီး ကို မီးဖုတ်(သို့) ကင်ပါ ။ ခရမ်းသီးမှလွဲ၍ ကျန်တာတွေကို ၁၅ မိနစ်ခန့်ကင်ပြီး  ခရမ်းသီးကို ကြာကြာပိုကင်ပါ။  အတွင်းမကျက်မှာ စိုးလို့ပါ။

 

ပြီးရင် ခရမ်းသီးကို ဘေးက အခွံကိုဖယ်ပြီး အသားတွေကို ယူထားပါ။

 

Read More >>>>> ခရမ်းမည်းသီး စိုက်ပျိုးရောင်းချသူများ ဈေးကောင်းရ


ပြီးတာနဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊  ပဲပုပ်ကို ဆားနဲ့ အသားမှုန့်ထည့်ပြီး ညက်အောင်အရင်ထောင်းပါ။

 

ပြီးနောက် နံနံပင်၊ ဖက်ဖယ်ရွက်ကို လှီးဖြတ်၍ထည့်ထောင်းပါ။ ခရမ်းသီးနဲ့ ခရမ်းချဉ်သီးကို နောက်ဆုံးမှ ထည့်၍ ထောင်းပေးပါ။


ပြီးရင်တော့ သေချာသမအောင် ထောင်းပြီး အရသာမြည်းကြည့်ပြီး ဆားနဲ့ အသားမှုန့် ထပ်ထည့်ပြီးရင်တော့ ထမင်းမြိန်စေမယ့် ရှမ်းခရမ်းသီးပဲပုပ်ထောင်းလေးကို  ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 16 May 2019 17:21
Rate this item
(1 Vote)