Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကချင်စတိုင်လ် မုန်ညင်းဖူးသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ တိုင်းရင်းသားရိုးရာအစားအစာတစ်မျိုးဖြစ်ပြီး

လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကချင်စတိုင်လ် မုန်ညှင်းဖူးသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကိုက်လန်ဖူး၊ မုန်ညင်းစိမ်းဖူး၊ ငါးပေါက်သီး၊ နှမ်း၊ သံပရာသီး၊ ပဲပုပ်၊ ခရမ်းချဉ်သီး၊ ချင်းရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှည့်၊ နံနံပင်၊ မှိုကပ်ခြောက်၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါတယ်။

 

ပထမဦးဆုံး ကိုက်လန်နှင့် မုန်ညင်းဖူးကို ခြွေပြီး လက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ ပြီးရင်တော့ ရေနွေးပွက်ပွက်ဆူ နေသည့် အထဲတွင် ကြက်သီးဖြန်းလေး ပြုတ်လိုက်ပါ။ ကျက်အောင်မပြုတ်ရပါ။ ပြီးလျှင် ရေထဲသို့ အေးသွားအောင်ထည့်ပြီး ရေစစ်ထားပါ။

 

ပြီးနောက် ခရမ်းချဉ်သီးကို ရေဆေးပြီး ပါးပါးလှီးဖြတ်ထားပါ။ ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။ ငရုတ်သီးကို ညက်အောင်ထောင်းထားပါ။

 

မှိုကပ်ခြောက်ကို လှော်ပြီး ထောင်းပေးထားပါ။ ပြီးရင်တော့ ဇလုံတစ်လုံးထဲသို့ အထက်ပါ ပါဝင်ပစ္စည်းများအားလုံးကို ရောထည့်ပြီး သမအောင် မွှေပေးပါ။

 

အရသာအတွက် အပေါ့အငန်မြည်းပြီး အဆင်ပြေသွားရင်တော့ ကချင်စတိုင်လ် မုန်ညင်းဖူးသုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:34
Rate this item
(1 Vote)