Myanmar



မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မန္တလေး ကိုင်းတန်းဈေး ကြက်သွန်နီဈေးနှုန်းအနေဖြင့် မြစ်သား ၊ ရွှေဘို ၊ မြင်းခြံ နယ်စုံမှ ဝင်ရောက်မှုရှိပြီး မြို့တွင်းစားသုံးမှုသာရှိသဖြင့် ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၁၃၀၀ ကျပ် ၊ (လတ်) တစ်ပိဿာ ၁၂၀၀ ကျပ် ၊ (သေး) တစ်ပိဿာ ၁၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်၊ စားသုံးမှု ပုံမှန်ဖြစ်ခြင်းကြောင့် တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ကြက်သွန်ဖြူ (မြန်မာ)မှာ ပစ္စည်းရှားနေခြင်းကြောင့် အရောင်းအဝယ် အေးနေပြီး ကြက်သွန်ဖြူ(ရှမ်း)မှာ အရည်အသွေးအကောင်းဆုံး ၄၅၀၀ ကျပ် မှ အနည်းဆုံး၃၂၀၀ ကျပ် ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

အာလူးဈေးနှုန်းမှာ ဘန့်ဘွေးအာလူးတစ်မျိုးသာ ဝင်ရောက်ပြီး တစ်ပိဿာ ၁၅၀၀ ကျပ် ဈေးရှိသည်။

 

ချင်းဈေးနှုန်းအနေဖြင့် ပင်ရင်းဒေသမှ ဘဂႅလားဒေ့ရှ်သို့ တင်ပို့မှုရှိခြင်း ၊ အသစ် မထွက်သေးခြင်းကြောင့် တစ်ပိဿာ ၃၀၀၀ ကျပ်ဈေးဖြင့် ဈေးတည်ငြိမ်နေသည်။

 

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

Read times Last modified on Friday, 28 April 2023 14:21
Rate this item
(0 votes)