Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လက်ဖက်ခြောက် ပရီမီယံအမှတ်တံဆိပ် ဘယ်လိုတည်ဆောက်ခဲ့သလဲ

လက်ဖက်ခြောက် ပရီမီယံအမှတ်တံဆိပ် ဘယ်လိုတည်ဆောက်ခဲ့သလဲ


တန်ဇန်းနီးယားမှာ လက်ဖက်ခြောက် ထုတ်လုပ်ပြီး ဥရောပ ဈေးကွက်မှာ နေရာရဖို့ Tanzania Tea Collection ဆိုတဲ့ brand ကို premium tea brand အဖြစ် ဝယ်ယူသူတို့ အသိအမှတ်ပြုအောင် ဘယ်လို တည်ဆောက်ခဲ့သလဲဆိုတာ တင်ပြထားပါတယ်။

တာဟီရာ နီဇာဏီက တန်ဇန်းနီးယားနိုင်ငံမှ လက်ဖက်ခြောက်လုပ်ငန်း ကာဇီ ယီတူ Kazi Yetu ရဲ့ ဉီးဆောင်ညွှန်ကြားရေးမှူးချုပ် ဖြစ်ပါတယ်။
သူက ကနေဒါနိုင်ငံမှာ ‌မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး တန်ဇန်းနီးယားကို ၂၀၁၆ ခုနှစ်မှာ ရောက်ရှိလာခဲ့ပါတယ်။
တန်ဇန်းနီးယားဟာ သူမရဲ့ မိခင် ကြီးပြင်းခဲ့တဲ့ နိုင်ငံဖြစ်ပြီး အခု သူမက Aga Khan Foundation ရဲ့ တာဝန်အရ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
သူမက ဒါအီစလမ် Dar es Salaam မြို့မှာ နေထိုင်တယ်။ သူမ နေထိုင်တဲ့ အိမ်နားမှ ကုန်စုံဆိုင်မှာ တန်ဇန်းနီးယာ ပြည်တွင်းထွက် အော်ဂဲနစ် လက်ဖက်ခြောက် တင်ရောင်းတာ မတွေ့ဘူး။
“ကျမက လက်ဖက်ရည် ကြိုက်တယ်။ နိုင်ငံခြားက တင်သွင်းတဲ့ အရည်အသွေးကောင်းကောင်း လက်ဖက်ခြောက်တွေ ကျမ ဆိုင်မှာ တွေ့တယ်။ ပြည်တွင်းထွက် အော်ဂဲနစ် လက်ဖက်ခြောက် တစ်မျိုးတစ်မည်မှ မတွေ့ရဘူး။ တကယ်ကို မရှိတာ။ ဒါပေမဲ့ ဒီနိုင်ငံက ထွက်တဲ့ အကောင်းစား လက်ဖက်ခြောက်တွေ နိုင်ငံခြားကို တင်ပို့ရောင်းချနေတယ်။ ဘာမှ တန်ဖိုးဖြည့်မထည့်ဘဲ ပို့နေကြတယ်။ ကုန်ကြမ်းအဖြစ်ဖြင့်သာ လက်ဖက်ခြောက်တွေ ထွက်သွားကြတယ်”

နှစ်နှစ်အကြာ ၂၀၁၈ ခုနှစ်မှာ ဟင်ဒရစ် ဘာမန် Hendrik Buermann နဲ့အတူ နီဇာဏီက လုပ်ငန်းတစ်ခု ထူထောင်လိုက်တယ်။ အမည်ကို အာဇီ ယီတူ လို့ အမည်ပေးလိုက်တယ်။ ဒေသိယစကား ဆွာဝါလီဘာသာစကားအမည် ဖြစ်ပြီး ‘ဒို့အလုပ်’ လို့ ဆိုလိုတယ်။ တန်ဇန်းနီးယားနိုင်ငံတည်ရှိရာ အာဖရိကမှ ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့တာမှာ တန်ဖိုးဖြည့်ထည့်ပြီးမှ တင်ပို့ဖို့ကို ဦးတည်လုပ်ကိုင်သွားမယ်လို့ မူဝါဒ ချမှတ်ခဲ့တယ်။ နီဇာဏီက “အာဖရိက ထုတ်ကုန်တွေ တင်ပို့နေပုံကို ကျမတို့ ပြောင်းလဲပေးချင်တယ်” လို့ ဆိုပါတယ်။

ကုမ္ပဏီအသစ်ရဲ့ ပထမဦးဆုံးထုတ်ကုန်က အော်ဂဲနစ် အဆင့်မြင့် လက်ဖက်ခြောက်ဖြစ်ပြီး အမှတ်တံဆိပ် brand အမည်က Tanzania Tea Collection ဖြစ်ပါတယ်။ အဲဒီလက်ဖက်ခြောက်ကို ပြည်တွင်းမှာပဲ ဖြန့်ချိတယ်။ ဧည့်ခံကျွေးမွေးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေက ဝယ်လက်တွေ ဖြစ်ပါတယ်။ ပြည်ပပို့ကုန်အနေဖြင့် ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အမေရိကနဲ့ ဩစတေးလျတို့ကို တင်ပို့ရောင်းချပါတယ်။

ဈေးကွက်သုတေသန

နီဇာဏီက Aga Khan Foundationနဲ့အတူ ဈေးကွက်သုတေသန လုပ်တယ်။ လက်ဖက်ခြောက်အတွက် နိုင်ငံတကာ ဝယ်လိုအား၊ ဘယ်လို လက်ဖက်ခြောက်မျိုးကို ပိုကြိုက်ကြသလဲ။ တန်ဇန်းနီးယားမှာ လက်ဖက်ခြောက် ကုန်စည်စီးဆင်းမှု စတဲ့အချက်အလက်တွေ ရယူတယ်။ စစချင်း လေးလကို ဈေးကွက်သုတေသနလုပ်တယ်။
ပြည်ပတင်ပို့ဖို့ လျာထားတဲ့ နိုင်ငံတွေရဲ့ ဈေးကွက်တွေကို သွားရောက်လည်ပတ် ကြည့်ရူတယ်။ စူပါမားကက်မှ လက်ဖက်ခြောက်အမျိုးမျိုး တင်ထားတဲ့ စင်တွေကို လေ့လာတယ်။ အမျိုးအမည်တွေ ဘယ်လိုလဲ။ ဘယ် brand တွေ စင်ပေါ်မှာ နေရာယူထားသလဲ။ ဝယ်တဲ့သူတွေက brand ရွေးချယ်ပုံ ဘယ်လိုလဲ စတာတွေကို လေ့လာစူးစမ်းတယ်။

တန်ဇန်းနီးယားကို ပြန်ရောက်တဲ့အခါ လက်ဖက်စိုက်ခင်းတွေကို ခရီးသွားတယ်။ ဘယ်ကုမ္ပဏီထံမှ လက်ဖက် ဝယ်ယူရင် စိတ်ချရမလဲ။ လက်ဖက်ခြောက်နဲ့အတူ ရောထည့်တဲ့ ဆေးဘက်ဝင် အရွက်ခြောက်၊ အမြစ်မှုန့်တွေကိုလည်း လေ့လာတယ်။

download.jpg


ဖြည်းဖြည်းချင်း မဟာဗျူဟာမြောက် ကြီးထွားခြင်း

အမေရိကန်နိုင်ငံ Emory University မှ ချေးငွေကို Kazi Yetu လုပ်ငန်း လက်ခံရရှိတယ်။ ပမာဏက နည်းတယ်။ ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မိမိဘာသာ စိုက်ထုတ်ရတယ်။

“စက်ရုံတစ်ခု ထူထောင်ရတာ တကယ်မလွယ်ဘူး။ ကျမတို့က အင်ဂျင်နီယာ မငှားနိုင်ဘူး။ စားသောက်ကုန် အတိုင်ပင်ခံလည်း မငှားနိုင်ဘူး။ ဒီတော့ နီးစပ်ရာ ဆရာတင် မေးမြန်းပြီး လုပ်ရတယ်။ သုတေသန လုပ်ရတယ်”

လက်ဖက်ခြောက်ထုပ်အတွက် ရောစပ်တဲ့အခါမှာလည်း အဲဒီနည်းနဲ့ပဲ လုပ်ရတယ်။ လက်ဖက်ရည် မြည်းတတ်တဲ့သူ ဖြစ်ဖို့ဆိုတာ အချိန်အတော်ယူပြီး သင်ရတယ်။ နီဇာဏီ အချိန်အကြာကြီး မယူနိုင်ဘူး။ ပင်ကိုအသိနဲ့ပဲ မှန်းဆပြီး လုပ်တယ်။ မနက်တိုင်း လက်ဖက်ခြောက်တွေ ဆေးရွက်ဆေးမြစ်ခြောက်တွေ အစမ်းရောနှောပြီး စမ်းသပ်တာကို နီဇာဏီနဲ့ ဘာမန်တို့ လုပ်ကိုင်ကြတယ်။ မြည်းစမ်းကြတယ်။ ကံကောင်းချင်တော့ ယူကေမှ ကျွမ်းကျင်သူတစ်ဦးက သူတို့ကို အခမဲ့ ကူညီအကြံပေးတယ်။

လုပ်ငန်းစတင်လည်ပတ်တော့ လိုအပ်တဲ့ ကုန်ကြမ်းတွေ လိုသလောက်ကို လိုချင်တဲ့အချိန်မှာ ရဖို့ဆိုတာ အတော်မလွယ်ဘူး။ ဒီတော့ သူတို့ ထုတ်လုပ်တင်ပို့မယ့် ကာဇီ ယီတူ လက်ဖက်ခြောက်ထုပ်အတွက် လိုချင်တဲ့ ပစ္စည်းစာရင်းနဲ့ လက်တွေ့မှာ တကယ်ရနိုင်မယ့် စာရင်းတို့ကို ချိန်ဆရတယ်။ ကိုယ်ထူထောင်နေတဲ့ brand ရဲ့ အရည်အသွေးစံ မြင့်မားဖို့ကိုလည်း ထည့်စဉ်းစားရတယ်။

ကာဇီ ယီတူက ဘလက်နဲ့ ဂရင်း လက်ဖက်ခြောက် နှစ်မျိုး ထုတ်တယ်။ လက်ဖက်ခင်းတွေ တည်ရှိတဲ့ Usambara Mountains မှ လိုချင်တဲ့ လက်ဖက်ရွက်တွေ ရယူတယ်။ အဲဒီမှာ ရှိတဲ့ လက်ဖက်ခင်းတွေက အော်ဂဲနစ် ဖြစ်ကြောင်း၊ တရားမျှတတဲ့ ရောင်းဝယ်မှု ပြုကြောင်း လက်မှတ်တွေ ရရှိထားတယ်။ အဲဒီလက်မှတ်တွေ မရှိတဲ့ဆီမှ ဝယ်သုံးရင် ကိုယ်ထူထောင်နေတဲ့ brand ဂုဏ်ရိပ်ကို ထိခိုက်လိမ့်မယ်။ အဲဒီစိုက်ခင်းတွေက အူလောင်လက်ဖက် (oolong tea) အမျိုးအစား ဖြစ်ပါတယ်။ လက်ဖက်စိုကို အခြောက်ခံဖို့ကို အမျိုးသမီးတွေက ဒယ်အိုးတွေနဲ့ လှော်ပေးတယ်။
ရောစပ်မယ့် ဘယဆေးတွေအတွက်တော့ အသင်းအဖွဲ့တွေကနေ တစ်ဆင့် ဝယ်ယူတယ်။ စိုက်ခင်းတွေဆီမှလည်း နည်းနည်းပါပါး တိုက်ရိုက်ဝယ်ယူ ဖြည့်တင်းတယ်။
လိုအပ်တွေ ကုန်ကြမ်းတွေ အကုန်လုံးကို စက်ရုံမှာ ရောက်ရှိနေတဲ့အခါ ဝန်ထမ်းတွေက ကြိတ်သင့်တာ ကြိတ်၊ ရွေးသင့်တာ ရွေး လုပ်ကြတယ်။ ပြီးမှ ရောစပ်တယ်။ ရောစပ်ပြီးရင် အိတ်ငယ်လေးတွေထဲ ထည့်တယ်။ အဲဒီအိတ်ငယ်လေးတွေက တန်ဇန်းနီးယားမှာ ထုတ်လုပ်ခြင်း မရှိလို့ တရုတ်နိုင်ငံမှ မှာယူတင်သွင်းရတယ်။ အထုပ်ငယ်ထဲ ထည့်ထုပ်တာကို ဝန်ထမ်းတွေ လက်နဲ့ လုပ်ကြတယ်။ စက်မရှိဘူး။ တစ်နေ့ အိတ်ငယ် ၄,၀၀၀ ဝန်းကျင် ထုတ်လုပ်တယ်။ အခုတော့ သူတို့မှာ ထုပ်ပိုးစက်တစ်လုံး ရှိနေပြီဖြစ်လို့ တစ်နေ့ အိတ်ငယ်စုစုပေါင်း ၂၄,၀၀၀ ကို လျာထားထုတ်လုပ်တယ်။
လက်ဖက်ခြောက်အိတ်ငယ် teabag ကလည်း brand အတွက် အရေးပါတယ်။ စွန့်ပစ်တဲ့အခါ သဘာဝအလျောက် ပျက်စီးလွယ်ရမယ်။ ပတ်ဝန်းကျင်ကို မထိခိုက်ရဘူး။ ညစ်ညမ်းမှု မဖြစ်ပွားစေရဘူး။ လက်ဖက်ခြောက်အိတ်ငယ်တွေ ထုပ်ပိုးတဲ့ ဘူးကလည်း အလားတူပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဆင်ပြေတဲ့ အမျိုးအစားကို ရွေးချယ် သုံးစွဲရတယ်။


brand အနာဂတ်

ရောင်းနေတာတော့ လက်ဖက်ခြောက်ပဲ။ စူးပါမားကက် စင်တွေပေါ်မှာ လက်ဖက်ခြောက်တွေ ရှိနေတာမှ ကိုယ့် brand ကို ရွေးဖို့အတွက် brand ကို ရောင်းနေတယ်လို့ သဘောပိုက်ပြီး ဂရုတစိုက်လုပ်ကိုင်တယ်။ ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ အာမခံချက်တွေ ပေးနိုင်အောင် လုပ်ထားတယ်။
နီဇာဏီတို့က ပြည်ပမှ လက်ဖက်ခြောက် ကုန်ချော တင်သွင်းပြီး ပြန်လည်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတွေကို လိုက်စပ်တယ်။ လက်လီတိုက်ရိုက်မရောင်ဘူး။ လက်ကား တင်ပို့ခဲ့တယ်။ နှစ်နှစ်ကြာပြီးချိန်ကျမှ ဥရောပမှ နိုင်ငံအချို့မှ စားသုံးသူတွေရဲ့ အွန်လိုင်း e-commerce shop မှာ တိုက်ရိုက်အမှာစာတွေကို လက်ခံပြီး ပေးပို့ရောင်းချတယ်။
Kazi Yetu ကို ထီးထီးရပ်တည်မယ့်အစား နီဇာဏီက စိုက်ပျိုးထုတ်ကုန်လုပ်ငန်းရှင်တွေထဲမှ ပြည်ပပို့ကုန် တင်ပို့သူဖြစ်လာဖို့ ကြိုးစားရုန်းကန်နေသူတွေကို စည်းရုံးပြီး အတူလက်တွဲ လုပ်ကိုင်တယ်။ အာဖရိကမှ ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့တာမှာ တန်ဖိုးဖြည့်ထည့်ပြီးမှ တင်ပို့ဖို့ဆိုတဲ့ မူလရည်မှန်းချက်နဲ့ နီးစပ်သွားတယ်။
အောင်မြင်မှုတွေ ဆက်လက်ရရှိလာခဲ့ပြီး ဂျာမနီမှာ ရုံးခန်းတစ်ခု ဖွင့်နိုင်သွားတယ်။ အဲဒီရုံးခန်းက ဥရောပဈေးကွက်အတွက် Kazi Yetu ရဲ့ သွင်းကုန် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်တယ်။
နီဇာဏီတို့က တောင်ပေါ်မှာ လုပ်ငန်းပိုင် လက်ဖက်စိုက်ခင်း ထားရှိဖို့အတွက်လည်း ရည်ရွယ်ထားတယ်။ အခုလို ကိုယ်ပိုင်စိုက်ခင်း ရှိတာဟာ Tanzania Tea Collection လက်ဖက်ခြောက် brand အတွက် ဂုဏ်ရှိတယ်။ ကုန်ကြမ်း ပုံမှန်ရရှိဖို့ကိုလည်း သေချာစေတယ်။ ရှိပြီးတာ လက်ဖက်စိုက်ခင်းတွေထဲမှ အရွယ်အိုမင်းနေတဲ့ လက်ဖက်ပင်တွေ ရှိတဲ့ စိုက်ခင်းတစ်ခုခုကို ပြန်လည်လန်းဆန်းအောင် ပင်ပျိုတွေနဲ့ အစားထိုး စိုက်ပျိုးလုပ်ကိုင်သွားမယ်လို့ စိတ်ကူးထားတယ်။
Kazi Yetu မှ ကိုင်တွယ်ပေးတဲ့ ကုန်စည်တွေအတွက်လည်း ကုန်စည်ဘယ်နားရောက်နေပြီ။ ဘယ်အခြေအနေ ရှိပြီဆိုတာတွေ အသိပေးနိုင်တဲ့ အက်ပ်ကိုလည်း လုပ်ဖို့ အစီအစဉ်ရှိတယ်။ အဲဒီလို အက်ပ်ရှိမှလည်း brand ကို လူတွေ လေးစားယုံကြည်မှု တိုးမယ်။ brand အပေါ် စိတ်ချလက်ချရှိမယ်။
“ကျမတို့ ကိုင်တွယ်လုပ်ကိုင်ပေးနေတာတွေကို အချိန်နဲ့ တပြေးညီ သိဖို့ မြန်ဆန်လွယ်ကူတဲ့ နည်းလမ်း ဖန်တီးပေးပြီး brand နဲ့ အချိတ်အဆက် ရှိအောင် လုပ်ပေးထားမယ်” လို့ နီဇာဏီက ပြောပါတယ်။

Read times Last modified on Sunday, 15 August 2021 08:32
Rate this item
(0 votes)