Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စပါးစျေး တင်းတစ်ရာ သုံးသောင်းဝန်းကျင်စျေးတက်

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ စပါးအမျိုးအစားပေါ်မူတည်လို့

တင်းတစ်ရာမှာ ကျပ်သုံးသောင်းစီလို့ပျမ်းမျှဈေးတက်လာတယ်လို့ ဆန်ကုန်စပါးကုန်သည်တွေက ပြောပါတယ်။

သြဂုတ်လဆန်းလောက်ထိ ဧည့်မထအုပ်စုဝင် စပါးတင်းတစ်ရာကို ကျပ် ၆ သိန်းဝန်းကျင်ဈေးကနေ အခုရက်ပိုင်းမှာတော့ ၆ သိန်း ၃ သောင်းလောက်ထိ ဈေးတက်လာခဲ့တာလည်း တွေ့ရတယ်လို့ဆိုပါတယ်။

စျေးတက်ပေမဲ့ မြန်မာဆန်ကို အဓိက ဝယ်ယူနေတဲ့ တရုတ်နယ်စပ်ကတော့ ကိုဗစ်ရောဂါတွေ ဖြစ်လို့ ပိတ်ထားတာ တစ်လလောက်ရှိပြီဖြစ်ပါတယ်။

အခုရက်ပိုင်း ငွေလဲနှုန်းကြောင့် ကုန်သည်တွေက ပြည်ပပို့ဖို့မှန်းပြီး ကုန်သည်တွေက ကြိုဝယ်နေကြတာဖြစ်ပြီး မြန်မာငွေလဲနူန်းပြောင်းနေတာကြောင့် မြန်မာငွေကိုင်မထားချင်သူ ‌တွ‌ေကဝယ်နေကြတာလို့ ဆိုပါတယ်။

စပါးဈေးတက်လာတဲ့နဲ့အမျှ ဆန်ဈေးနှုန်းဟာလည်း ဧည်မထအုပ်စုဝင် ဆန်တစ်အိတ်ကို ပျမ်းမျှ ကျပ်တစ်ထောင်ခန့် ဈေးတက်လာခဲ့ပြီး ပေါ်ဆန်း ဆန်ဈေးနှုန်းကတော့ တစ်အိတ်ကို ကျပ် နှစ်ထောင်ခန့်ပျမ်းမျှဈေး တက်လာခဲ့တယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။

စပါးဈေးတက်လာတဲ့အတွက်လည်းဆန်ကွဲနဲ့နဲ့ ဖွဲနုဈေးနှုန်းတွေဟာလည်း ပျမ်းမျှ ၅ ရာခိုင်နှုန်းလောက် တက်လာခဲ့ပါတယ်။

မိုးစပါးအသစ်ပေါ်ဖို့ တစ်လလောက်အလိုမှာ တက်လာတဲ့စပါးဈေးဆန်ဈေးဟာ မိုးစပါးပေါ်တဲ့အချိန် တရုတ်လိုင်းမပွင့်ရင်တော့ စျေးဆက်တက်ဖို့မရှိဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

ဒီနှစ်မိုးစပါးရာသီစိုက်ပျိုးတဲ့အချိန်မှာ ဓာတ်မြေသြာဇာအပါအဝင် သွင်းအားစုတွေ ဈေးမြင့်ခဲ့တဲ့အတွက် မိုးစပါးပေါ်ချိန် ဈေးကျမယ်ဆိုရင်တော့ တောင်သူတွေဆုံးရှုံးမှု ပိုများနိုင်တယ်လို့တော့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

 

ဘီဘီစီ

Read times
Rate this item
(0 votes)