Myanmar
ရှောက်သီးနဲ့ ထမင်းကြော်ချဉ်စပ် လုပ်စားရအောင်
ချဉ်စပ်ထမင်းကြော် စားချင်သူများအတွက် ရှောက်သီးကို ထမင်းနဲ့ တစ်ခါတည်း ကြော်ပြီး လုပ်စားနိုင်တဲ့ နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ရှောက်သီး၊ ထမင်း၊ ငါးပိစိမ်းစား၊ ဆား၊ ပုစွန်ခြောက်၊ ကြက်သွန်နီ၊ ဆီ၊ နနွင်းမှုန့်၊ မြေပဲ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ကြော်တို့လိုအပ်ပါမယ်။
ပထမဦးဆုံး ထမင်းကို အဆင်သင့်ဖြစ်အောင် ချက်ထားပါ။ ပြီးနောက် ဒယ်အိုးထဲဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်နီကို ထည့် နနွင်းမှုန့်ထည့်၍ ဆီသတ်ပေးပါ။
ကြက်သွန်နီနွမ်းပြီး အနံ့မွှေးလာလျှင် ငါးပိစိမ်းစားထည့်၍ ငါးပိနံ့မွှေးပြီး ကြွပ်လာသည်အထိ တည်ပေးပါ။
Read More >>>>> ရှောက်သီးနဲ့ ထမင်းကြော်ချဉ်စပ် လုပ်စားရအောင်
ပြီးနောက် ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ ရှောက်သီးနှင့် မြေပဲတို့ကိုထည့်ပြီး သေချာနှံ့အောင် မွှေပေးပြီး မိနစ်အနည်းငယ်ကြာ တည်ထားပါ။
ပြီးရင်တော့ ထမင်းကြော်ကို သေချာနှံ့အောင် မွှေပေးထားပါ။ ပြီးရင်အရသာကိုမြည်းကြည့်ပါ။ အရသာလိုသေးရင်တော့ စိတ်ကြိုက် ထပ်ဖြည့်နိုင်ပါတယ်။ ပြီးရင်တော့ အရသာကို ထမင်းထဲဝင်အောင် စိတ်ကြိုက်မွှေပေးပါ။
စိတ်ကြိုက်မွှေပြီး အရသာကြိုက်ပြီဆိုရင်တော့ မီးပိတ်ပြီး မီးဖိုပေါ်မှ ချခါကာ ထမင်းကြော်ပေါ်သို့ နံနံပင်နှင့် ကြက်သွန်ကြော် ဖြူးပေးပါ။ ထမင်းကြော်ကို ပူပူလေးသုံးဆောင်လျှင် ပိုကောင်းပါတယ်။