Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ခိုတောင်မုန့်တီ

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မန္တလေးဒေသအစားအစာနာမည်ကြီး တစ်မျိုးဖြစ်တဲ့

ခိုတောင်မုန့်တီပြုလုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ မုန့်ဖတ်၊ ငါးကျည်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ငံပြာရည်၊ မန်ကျည်းရည်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ပဲမှုန့်အကျက်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ နံနံပင်၊ နနွင်းမှုန့်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးကိုရေဆေးသန့်စင်ပြီး ထုရိုက်ထားတဲ့ စပါးလင်၊ ငံပြာရည်၊ နနွင်း၊ ဆား၊ ဟင်းခတ်မှုန့်နှင့် ရေကို ထည့်ပြီး ပြုတ်ပါ။ ငါးကျက်ပြီဆိုရင် အအေးခံပြီး အသားနွှင်ထားပါ။

 

ပြီးလျှင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတစ်ဝက်ကို ညက်အောင်ထောင်းထားပါ။ ကျန်ကြက်သွန်ဖြူတစ်ဝက်ကို နနွင်းမှုန့်ထည့်ပြီး ဆီချက်ချက်ထားလိုက်ပါ။

 

ဆီချက်ချက်ထားတဲ့ဆီနဲ့ဘဲ ညက်အောင်ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပါ။

 

ပြီးလျှင် ငါးပြုတ်ရည်အိုးထဲကို နွှင်ပြီးသားငါးများ၊ ဆီသတ်ထားတဲ့ ကြက်သွန်နဲ့ ဆီတို့ကိုပါထည့်လိုက်ပြီး ပွက်ပွက်ဆူအောင် ထပ်ချက်ထားပါ။

 

အရသာမြည်းကြည့်ပြီး အနေတော်ဆိုလို့ရှိရင်တော့ ငရုတ်ကောင်းမှုန့်အုပ်ပြီးရင် ခိုတောင်မုန့်တီဟင်းရည်ရပါပြီ။

 

ပြီးနောက် နံနံပင်ကို သန့်စင်ရေဆေးပြီး ပါးပါးလှီးထားပါ။ မန်ကျည်းသီးကို ရေဖွဖွဆေးပြီး ရေနွေးနဲ့စိမ်ကာ မန်ကျည်းရည်ပြုလုပ်ထားလိုက်ပါ။

 

မုန့်ပွဲပြင်ဖို့အတွက် ပန်းကန်ထဲကို မုန့်ဖတ်၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်အကျက်၊ ငရုတ်သီးအကျက်မှုန့်၊ မန်ကျည်းရည်တို့ကို မိမိစိတ်ကြိုက် ချိန်ဆထည့်ပြီးနောက် ဟင်းရည်ကိုထည့်ပြီး အရသာရှိတဲ့ ခိုတောင်မုန့်တီကို အသင့်သုံးဆောင်နိုင်ပါပြီ။

Read 6794 times Last modified on Tuesday, 18 September 2018 15:33
Rate this item
(1 Vote)