Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးဈေးကွက် ကောက်ပဲသီးနှံဈေးနှုန်းများ

မန္တလေးကိုင်းတန်းဈေးအတွင်း စားဖိုးဆောင်သီးနှံများအနေဖြင့် ကြက်သွန်နီ ဈေးနှုန်းများအနေဖြင့်

မုံရွာ ၊ မြစ်သား ဒေသစုံမှ ဝင်ရောက်မှုရှိပြီး မြို့တွင်းသုံးမျှသာ ရှိခြင်း ၊ လားရှိုး ၊တန့်ယန်း စသော ဒေသများသို့ တင်ပို့ရမှုမရှိဘဲ ထွက်ရှိရာဒေသများမှ တိုက်ရိုက်တင်ပို့မှုရှိခြင်းကြောင့် ဈေးကွက်အတွင်းမှ ဝယ်ယူမှုမရှိခြင်း ၊ တရုတ် နှင့် အခြားပြည်ပ တင်ပို့မှု မရှိခြင်းတို့ကြောင့် 
ကြီး ၁ ပိဿာ ၄၅၀ ကျပ် ၊
လတ် တစ်ပိဿာ ၄၀၀ ကျပ် ၊
သေး တစ်ပိဿာ၂၀၀ကျပ်ဖြင့် ဈေးငြိမ်နေပါသည်။

အာလူး အိုကေ ၊ အေဝမ်း ၊ ဆွဲ တို့မှာ အောင်ပန်းဒေသတစ်ခုထဲမှသာ ဝင်ရောက်ခြင်း၊ တရုတ်အာလူး ၊ ပခုက္ကူ ၊ ပြင်ဦးလွင်တို့မှ ဝင်ချိန်မဟုတ်ခြင်း၊ မြို့တွင်းစားသုံးမှုများခြင်းတို့ကြောင့်
အိုကေ တစ်ပိဿာ ၉၀၀ ကျပ် ၊
အေဝမ်း တစ်ပိဿာ ၇၀၀ ကျပ် ၊
ဆွဲ တစ်ပိဿာ ၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။

ကြက်သွန်ဖြူ (တရုတ်) မှာ လမ်းပန်းအခက်အခဲကြောင့် အဝင်နည်းသဖြင့်
တစ်ပိဿာ ၅၀၀၀ ကျပ်ထိ ဈေးမြင့်နေပါသည်။

ကြက်သွန်ဖြူ (ရှမ်း နှင့် မြေပြန့်) မှာ အရည်အသွေးပေါ်မူတည်၍
ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ အနည်းဆုံး ၂၀၀၀ ကျပ် မှ အများဆုံး ၂၅၀၀ ကျပ်ထိ ဈေးမြင့်နေပြီး
ကြက်သွန်ဖြူ (မြေပြန့်) မှာ အနိမ့်ဆုံး ၁၅၀၀ ကျပ် မှ ၃၀၀၀ ကျပ် ထိဈေးအသီးသီးဖြင့် ရောင်းဝယ်နေပါသည်။

ချင်းဈေးနှုန်းအနေဖြင့် ပြည်ပတင်ပို့ရန်ဝယ်ယူမှုနည်းခြင်း ၊ မြို့တွင်းသုံးစွဲမှု ပုံမှန်ဖြစ်ခြင်းကြောင့်
တစ်ပိဿာလျှင်၁၀၀၀ ကျပ် ၊
အခက်ကြီး ၁၆၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြပါသည်။

Market Information Service- DOP- MOALI

 

တရုတ်နိုင်ငံသို့ မြန်မာ့လယ်ယာထွက်ကုန်များ

ပိုမိုတင်ပို့နိုင်ရေး ဆွေးနွေး
------------------------------------------------------
တရုတ်နိုင်ငံ၊နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဩဂုတ်လ ၂၃ ရက်နေ့တွင် မြန်မာ ကောင်စစ်ဝန်ချုပ်နှင့် ကွမ်ရှီး ဒေသအခြေစိုက် Guangxi Rong Gui Yi & Eternal Asia Supply Chain Co., Ltd. အထွေထွေမန်နေဂျာနှင့် ကွမ်ရှီး-ဘရူနိုင်းကုန်သည်ကြီးအသင်းဥက္ကဋ္ဌတို့ မြန်မာ့လယ်ယာ ထွက်ကုန်များဝယ်ယူတင်သွင်းနိုင်ရေး တွေ့ဆုံဆွေးခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် တရုတ်ဘက်မှ မြန်မာနိုင်ငံမှထွက်ရှိသော ဆန်ကွဲ၊ပဲတီစိမ်း တို့ဝယ်ယူ လိုကြောင်း၊ ဆန်ကွဲတန်ချိန်တစ်သိန်းခန့်လိုအပ်၍ ကနဉီးအနေဖြင့် တန်ချိန် သုံး/လေး သောင်းခန့် ဝယ်ယူတင်သွင်းလိုကြောင်း၊ ၎င်းနောက် တိုးမြှင့်တင်သွင်းလိုကြောင်း၊ ပဲတီစိမ်း ဈေးကွက်မှာ ရှီအန်းမြို့ တွင်ရှိကြောင်း၊မြန်မာ့ဆန်ကွဲဈေးနှုန်း သိလိုကြောင်းဆွေးနွေးခဲ့ရာ မြန်မာဘက်က ရန်ကုန်မှ ချင်ကျိုး ဆိပ်ကမ်းသို့ ကုန်တင်ပို့ရာတွင်ကြာမြင့်ချိန်ကို မေးမြန်းပေးမည်ဖြစ်ကြောင်း၊ တစ်လတွင်တင်ပို့နိုင်မည် ဆန်ကွဲတန်ချိန် ၊ အရည်အသွေးနှင့် ဈေးနှုန်းတို့ကို သက်ဆိုင်ရာနှင့်ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ကို သိရသည်။

သို့ဖြစ်၍ မြန်မာ့လယ်ယာထွက်ကုန်များအတွက် သတ်မှတ်စံချိန်စံညွှန်း၊ ဈေးကွက်ဝင် တင်ပို့ နိုင်သည့်ပမာဏနှင့်ဈေးနှုန်းအရယှဉ်ပြိုင်နိုင်စွမ်းရှိပါက ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံဈေးကွက် သို့ ပုံမှန်ရေကြောင်းအပြင်၊ နယ်စပ်ကုန်သွယ်ရေးစခန်းများမှလည်း တင်ပို့နိုင်သည့် ပထဝီတည်နေရာ အားသာချက်အရ အမိအရဆုပ်ကိုင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသင့်ပါကြောင်း ဖော်ပြအပ်ပါသည်။

 

မန္တလေးဈေးကွက် ပဲမျိုးစုံရောင်းဝယ်ဖောက်ကားမှု

အခြေအနေ (စက်တင်ဘာလ ၇ ရက်)
--------------------------------------------------
ပဲမျိုးစုံ ရောင်းဝယ်မှုအခြေအနေမှာ ကုန်စည်ဒိုင်ပေါက်ဈေး အတိအကျထွက်ခဲ့သော ၁၂.၇.၂၀၂၁ နှင့် နှိုင်းယှဉ်ပါက

ပဲယင်း ဈေးတည်ငြိမ်နေပြီး ကျန်ပဲများအားလုံး ဈေးမြင့်နေပါသည်။

မတ်ပဲဈေးနှုန်းမှာ ရန်ကုန်ဝယ်လက်ရှိခြင်း၊ပဲခွဲစက်များ ဝယ်ယူမှုများခြင်း၊ လှောင်လက်ထံမှ ဝယ်ရခြင်းတို့ကြောင့် ၆၀ ပိဿာ၁၀၈၀၀၀ကျပ်မှ ယခုအပတ်၁၃၂၀၀၀ ကျပ် ထိ ဈေးမြင့်သွားပါသည်။

ပဲတီစိမ်း(ရွှေဝါ) ပစ္စည်းနည်းခြင်း ၊ အရောင်းအဝယ်ဖြစ်မှု မရှိခြင်းကြောင့်တစ်လလုံးပေါက်ဈေးမထွက်ဘဲ ပဲတီစိမ်း(အညာ)သာလျှင် ရောင်းဝယ်နေပါသည်။

ပဲတီစိမ်း(အညာ)မှာလည်း မိုးနှင့်ဆောင်းကြား စပ်ကူးမတ်ကူးကာလဖြစ်သော်လည်း တရုတ်ဝယ်လက်နည်းပြီး မြို့တွင်းသုံးသာရှိခြင်းကြောင့် ၅၆.၂၅ ပိဿာလျှင် ၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။

ပဲစဉ်းငုံ(နီ) မှာ လှောင်လက်ထံမှ ဝယ်ရခြင်း ၊ ရန်ကုန်ဝယ်လက်ရှိခြင်း၊ ပစ္စည်းရှားခြင်းကြောင့် ယခင် ၆၀ပိဿာ ၁၀၆၅၀၀ ကျပ် မှ ၁၂၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားပါသည်။

ပဲပုတ်( မြန်မာ နှင့် ရှမ်း)တို့မှာဆောင်းပဲလက်ကျန်နည်း၍ လှောင်သမားထံမှ ဝယ်ရခြင်း၊ မိုးပဲမဝင်သေးခြင်း၊ နယ်နှင့် မြို့တွင်းသုံးလုပ်ငန်းသမားများ ဝယ်ယူမှုများခြင်းကြောင့်
ပဲပုတ် (မြန်မာ) ၅၃.၂၅ ပိဿာ ၁၀၁၅၀၀ ကျပ် မှ၁၄၂၅၀၀ ကျပ်သို့ လည်းကောင်း၊
ပဲပုတ်(ရှမ်း) အား ဆီစက်သမား၊ လုပ်ငန်းသမားအဝယ်များသဖြင့်ယခင် ၁၂.၇.၂၀၂၁က ၅၃.၂၅ ပိဿာ ၇၆၆၀၀ ကျပ်မှ ၁၀၃၇၅၀ ကျပ် သို့ အသီးသီး ဈေးမြင့်သွားပါသည်။

ကုလားပဲ(ထိုင်ဝမ်) မှာ လှောင်သမားထံမှ ဝယ်ရခြင်း၊ စိုက်ဧကနည်း၊ အထွက်နည်း၊ အဝင်နည်း ၊ လက်ကျန်နည်းခြင်း ၊ မြို့တွင်းသုံးအတွက် ပဲခွဲစက်များ အဝယ်များခြင်းကြောင့် ၅၆.၂၅ ပိဿာ ၉၉၅၀၀ ကျပ် မှ ၁၁၂၅၀၀ ကျပ်သို့ ဈေးမြင့် သွားသည်။

ကုလားပဲ(လုံးဖြူကြီး) မှာ စားတော်ပဲဈေးမြင့်ခြင်း၊ အထွက်နည်း၊ အဝင်နည်းခြင်း ကြောင့် မြို့တွင်း ပဲကြော်သမားများက လုံးဖြူကြီးအား ဝယ်ယူမှုများခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ၅၇.၂၅ ပိဿာ ၁၀၅၀၀၀ ကျပ် မှ ၁၂၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားပါသည်။

စားတော်ပဲ(ကျွန်း) မှာ လက်ကျန်နည်းခြင်း၊ မြို့တွင်းသုံးစွဲမှုများခြင်း ၊ စတင်စိုက်ပျိုးရန် ပြင်ဆင်စ အချိန်ဖြစ်ခြင်းကြောင့် ၅၉.၂၅ ပိဿာ လျှင် ၁၆၀၀၀၀ကျပ်မှ ၂၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပါ သည်။

ထောပတ်ပဲ(ပဲကြီး) ဈေးနှုန်းမှာ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးစိုက်မထွက်သေးခြင်း ၊ မြို့တွင်းသုံးဝယ်ယူမှုများခြင်းကြောင့် ၅၅.၂၅ ပိဿာ ၁၄၂၅၀၀ ကျပ်မှ ၁၈၅၀၀၀ကျပ်သို့ ဈေးမြင့်နေပြီး

ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာ ၈၁၀၀၀ ကျပ်မှ ၁၁၉၀၀၀ကျပ်သို့ ဈေးမြင့် သွားပါသည်။

 

 

 

Read times
Rate this item
(0 votes)