Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းသကြားဈေးနှုန်းစံချိန်တင်မြင့်တက်နေတာ ဘာကြောင့်လဲ

ပြည်တွင်းမှာ အခုလ စက်တင်ဘာလဆန်းကစလို့ သကြားဈေးစံချိန်တင်မြင့်တက်လာတာဟာ

မနှစ်တုန်းက ကြံဈေးမကောင်းတာ၊ ရာသီဥတု မကောင်းတာတွေကြောင့် စိုက်ပျိုးမှု လျော့ကျပြီး သကြားအတွက်နှုန်း တန် ၁ သိန်းနီးပါး လျော့ကျခဲ့တာကြောင့်လို့ မန္တလေး သကြားနဲ့သကာရည်လုပ်ငန်းရှင်အသင်းကပြောပါတယ်။

ပြည်တွင်းသကြားသုံးစွဲနိုင်မှု တနှစ်ကို တန်ပေါင်း ၃ သိန်းကျော်ရှိတဲ့မြန်မာနိုင်ငံမှာ သကြားအထွက်နှုန်းကျချိန် ပြည်တွင်းစားသုံးတာနဲ့ ပြည်ပတင်ပို့တာတွေကြောင့် လက်ရှိပြည်တွင်းမှာ သကြားကုန်လက်ကျန်တွေ လျော့နည်းလာပြီး သကြားဈေးတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းသကြားကုန်ကြမ်းအတွက် ကြံရာသီသစ်ကို အားထားရမှာဖြစ်ပေမဲ့ ကြံစိုက်တောင်သူတွေဟာ မြေဆီ၊ အာဟာရထည့်ဖို့ အားစိုက်နေရတယ်လို့ ကြံစိုက်တောင်သူလူမှုရေးဥက္ကဋ္ဌက ပြောပါတယ်။ ''ဒီနှစ်က မြန်မာမှာ သကြားအရှားဆုံးနှစ်ဖြစ်သွားပြီ။ တောင်သူအခက်အခဲကတော့ ရစရာရှိတဲ့ပိုက်ဆံတွေ မရတဲ့အခါကျတော့ မြေဆီကို မထည့်လိုက်နိုင်ဘူး။ ကြံဆိုတာက သူ့ရဲ့လိုအပ်ချက် အာဟာရ ဖြည့်ဆည်းပေးမှ ကောင်းတာလေ။ တနိုင်ငံလုံးက အကုန်လုံး ပေးပြီးပြီ။ ကျွန်တော်တို့ ဒီမှာ ထပ်ဆောင်းငွေဆိုပြီး တစ်တန် ၃ ထောင်ဆိုတာ စက်ရုံက ယနေ့အချိန်အထိ မပေးသေးဘူး။'' လို့ သူကပြောပါတယ်။

လာမယ့် ကြံရာသီပေါ်ချိန်မှာ အထွက်နှုန်းကျဆင်းခဲ့လို့ ပြည်တွင်းသကြားလိုအပ်ချက်တွေရှိလာရင် ပြည်ပကနေ ဝင်လာတဲ့သကြားတွေရှိလာမှာဖြစ်ပါတယ်။

ဒီအခြေအနေဟာ ပြည်တွင်းသကြားဈေးကွက်ပျက်နိုင်သလို ကျန်တောင်သူတွေအတွက်လည်း စိုက်ပျိုးစရိတ်ပါ မကာမိတဲ့အခက်အခဲတွေ ကြုံတွေ့နိင်တယ်လို့ သကြားကုန်သည်တွေက ပြောပါတယ်။

 

BBC

Read times
Rate this item
(0 votes)