Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


နဂါးမောက်သီးဖျော်ရည်

နဂါးမောက်သီးဖျော်ရည် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လည်း

လွယ်လင့်တကူ ဖျော်သောက်နိုင်တဲ့ နဂါးမောက်သီးဖျော်ရည် ပြုလုပ်နည်းကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ နဂါးမောက်သီး၊ Mint Syrup, Green Tea, သံပရာရည်၊ သကြားရည် တို့ လိုအပ်ပါမယ်။

 

ပထမဦးစွာ ဖျော်ဖို့အတွက်ကို Green Tea တစ်ထုပ်ကို အနေတော်ခွက်တစ်ဝက်ခန့် ရေနွေးပူပူထည့်ကာ စိမ်ထား ပြီး အအေးခံထားရပါမယ်။

 

၎င်းနောက် အခွံခွာထားသော နဂါးမောက်သီးကို အစိတ်လေးတွေစိတ်ကာ ဖျော်စက်ထဲသို့ထည့်ပါ။

 

ပြီးလျှင် စောနက အအေးခံထားသော Green Tea ရည်ကို ပေါင်းထည့်ပါ။

 

ပြီးလျှင် အရသာအတွက် Mint syrup, သကြားရည်၊ သံပရာရည်တို့ကို ထည့်ပြီးပါက ရေခဲမထည့်ဘဲ စက္ကန့်အနည်းငယ်ခန့် ကြေညက်သွားအောင် မွှေထားရပါမယ်။

 

အချိုကြိုက်လျှင် သကြားရည်အနည်းငယ်ခန့် ပိုထည့်နိုင်ပြီး ၀ိတ်ချရန် စဉ်းစားနေသူများအဖို့ သကြားရည်လျှော့ထည့်ကာ သံပရာရည်ကို ပိုထည့်ပြီး သောက်နိုင်ပါတယ်။

 

ပြီးနောက် ဖန်ခွက်တစ်ခုထဲသို့ ဖျော်စက်ထဲမှ နဂါးမောက်သီးတို့ကို လောင်းထည့်ပါ။

 

ပြီးလျှင် ရေခဲထည့်လိုက်ပါ။ နောက်ဆုံးတွင် green tea နံ့မွှေးပြီး အဖန်အရသာရှိသော နဂါးမောက်သီး ဖျော်ရည်ကို အသင့် သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Monday, 17 September 2018 13:39
Rate this item
(2 votes)