Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အားရှိစေတဲ့ ကြက်ပေါင်းရည်

Unicode >>>>>

အားရှိစေတဲ့ ကြက်ပေါင်းရည်


ဒီလိုအချိန်တွင် လူတိုင်း ကိုယ်ခံအားကောင်းအောင်နဲ့ အင်အားတွေ ပြည့်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းမှ အပြင်ကဝင်လာတဲ့ မကောင်းတဲ့ ပိုးမွှားအန္တရာယ်တွေကို ခုခံနိုင်မှာဖြစ်ပါတယ်။


ထို့ကြောင့် အောက်တွင် အရသာရှိပြီး အားရှိစေမယ့် ကြက်ပေါင်းရည် ပြုလုပ်နည်းကို ဖော်ပြလိုက်ပါတယ်။


Butter ထောပတ်ထုတ်လုပ်ငန်းများ ၇၆ ခုကိုရှာရန်နှိပ်ပါ။


ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆားတို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကြက်သားကို ရေစင်စင်ဆေးပြီး အရေခွံနဲ့ အဆီတွေခွာထားပါ။


ကြွေဇလုံ ကြီးကြီးတစ်ခုမှာ ကြွေပန်းကန်တစ်လုံး မှောက်ထားပါ။ ပြီးရင် မှောက်ထားတဲ့ ကြွေပန်းကန်လေးရဲ့ ပတ်ပတ်လည်မှာ အရေခွံနွာထားတဲ့ ကြက်သား၊ ချင်း၊ ကြက်သွန်ဖြူတို့ကို ထည့်လိုက်ပါ။  ကြက်ပေါင်းရည်အစစ်ရဖို့အတွက် ရေထည့်စရာမလိုပါ။


ပြီးရင် ကြွေဇလုံလိုက် ပေါင်းအိုးထဲမှာ သုံးနာရီခန့် ပေါင်းထားပါ။ ဘယ်ပေါင်းအိုးနဲ့မဆို ထည့်ပေါင်းလို့ရပါတယ်။ သုံးနာရီပြည့်သွားရင်တော့ ချင်း၊ ကြက်သွန်ဖြူကို ဖယ်လိုက်ပါ။ ကြက်ပေါင်းရည်ကို အဆီတွေမပါအောင် ဇကာနဲ့ စစ်ပြီး ဆားအနည်းငယ်ဖြူးပါ။


Read More >>>>> ငါးများကို တစ်ဆင့်ရောင်းချသူ မရှိသဖြင့် ငါးဖမ်းခြင်း လုပ်ငန်းရပ်နား


ပြီးနောက် ရလာတဲ့ ကြက်ပေါင်းရည်တွေကို ပုလင်းထဲထည့်ပြီး တစ်နေ့ကို ထမင်းစားဇွန်း သုံးဇွန်းခန့် သုံးဆောင်နိုင်ပါတယ်။


ပြုလုပ်ပြီး ကြက်ပေါင်းရည်ကို တစ်ပါတ်တိတိ သိမ်းဆည်း၍လည်း သောက်သုံးနိုင်ပါတယ်။


#MFID

 

Home Page Food

 

COVID 19

 

 

 

Zawgyi >>>>>

 


 


 


 


 


 


 


 


 


 


 


 

#MFID

Read times Last modified on Wednesday, 01 April 2020 09:55
Rate this item
(0 votes)