Myanmar
စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၃၇၀၀ ဖြင့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် တန်ချိန် ၂၀၁၀ ရောင်းချခဲ့
စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၃၇၀၀ ဖြင့် စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အတွင်း ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် တန်ချိန် ၂၀၁၀ ရောင်းချခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆက်လက်ရောင်းချမည်။
စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၃၇၀၀ စျေးဖြင့် စက်တင်ဘာ ၂၀ မှ ၂၂ ရက် အတွင်း ရန်ကုန်၊ မန္တလေး၊မကွေး၊ ပဲခူး၊ စစ် ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် တန်ချိန် ၂၀၁၀ ရောင်းချပေးခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆက်လက်ရောင်းချ မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့်စားအုန်းဆီများကို စက်တင်ဘာ၂၀ မှ စတင် ရောင်းချပေးလျက်ရှိရာ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် စားအုန်းဆီ ၇၆၈၃၅၀ ပိဿာ၊ တန်ချိန် ၁၂၅၅ တန်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စားအုန်းဆီ ၄၆၂၀၀၀ ပိဿာ၊ တန်ချိန် ၇၅၅ တန်၊ စုစုပေါင်း ၁၂၃၀၃၅၀ ပိဿာ၊ တန်ချိန် ၂၀၁၀ တန်ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးများ တွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ် ပြီး စားအုန်းဆီများကို လက်ကားဝယ်ယူ ရောင်းချသူများအနေဖြင့် လက်လီအရောင်း ဆိုင်များတွင် အသားတင်အကျိုးအမြတ် နှစ် ရာခိုင်နှုန်းထက် မပိုသည့်စျေးနှုန်းဖြင့် စား သုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်း ချသွားရမည်ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့ အတွင်းရှိ စားသုံးသူများအတွက် အသင်း၏အစီအစဉ်ဖြင့် ရပ်ကွက်များသို့ စျေးကား များ ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး စား သုံးသူပြည်သူများ လက်လီလက်ကား ရောင်း ချပေးမည့်လုပ်ငန်းရှင်များအနေဖြင့် မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအ သင်းနှင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ ရေးရာဦးစီးဌာနသို့ ဆက်သွယ်ဝယ်ယူနိုင် ကြောင်း သိရသည်။
ဗဟိုဘဏ်က ဒေါ်လာလိုအပ်ချက်ရှိနေ သော ကဏ္ဍများ အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးကဏ္ဍများသို့ AD လိုင် စင်ရဘဏ်များမှတစ်ဆင့် ဒေါ်လာသန်း ၄၀ ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေသော ကဏ္ဍများ(အထူးသဖြင့် စားသုံးဆီ၊ စက်သုံး ဆီနှင့် ဆေးဝါးများ)သို့ ဘဏ်များမှတစ်ဆင့် ရောင်းချပေးနိုင်ရန်အတွက် အပတ်စဉ် လေ လံခေါ်ယူ၍ ရောင်းချပေးလျက်ရှိသည်။
လေလံမှ အမေရိကန်ဒေါ်လာ တစ် ဒေါ်လာလျှင် ကျပ် ၁၇၅၀ ဖြင့် ရောင်းချပေး ပြီး ဘဏ်များမှ ကုမ္ပဏီများသို့ ၁၇၅၃ ကျပ် ဖြင့်သာ ပြန်လည်ရောင်းချစေကြောင်း၊ထို သို့ရောင်းချရာတွင် ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဗဟိုကော် မတီမှ စိစစ်ပေးပို့သောကုမ္ပဏီများသို့ သတ် မှတ်ပေးသည့်ပမာဏအတိုင်း ရောင်းချရန် အတွက် အဆိုပါကုမ္ပဏီများစာရင်းဖွင့်လှစ် ထားသည့် AD ဘဏ်များသို့ ရောင်းချပေး ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ဖြစ်သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ မှ ၁၇ ရက်အ တွင်း ဒေါ်လာ ၂၅ သန်းရောင်းချပေးခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်လာ ၁၅ အား AD လိုင်စင်ရဘဏ်ကိုးဘဏ်သို့ ရော င်းချ ပေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
စားသုံးဆီဝယ်ယူခွင့်လျှောက်လွှာများကို ရုံးခန်းအသစ်ဖြစ်သည့်
အမှတ် ၁၀၄/၁၀၈ ကမ်းနားလမ်း၊
လွတ်လပ်ရေးရပ်ကွက်
ဆင်မင်းအိမ်ရာဓမ္မာရုံရှေ့
အလုံမြို့နယ်
ဖုန်း-၀၉၄၄၄၄၃၇၂၉၅နှင့် ၀၉၄၀၁၅၂၇၀၄၉
တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။



