Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားလို့အရမ်းကောင်းတဲ့ ပဲထမင်းချက်

 

Unicode


စားလို့အရမ်းကောင်းတဲ့ ပဲထမင်းချက်

ကလေးတွေရော လူကြီးတွေရော ကြိုက်နှစ်သက်ကြတဲ့ ပဲထမင်းချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဆန်၊ ကုလားပဲ၊ သစ်ကြပိုးခေါက်၊ ကရဝေးရွက်၊ နာနတ်ပွင့်၊ ဆီ၊ ဆားတို့လိုအပ်ပါမယ်။


ကြက်သားဟင်းအတွက် ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆီ၊ ဆား၊ နနွင်းမှုန့် တို့လိုအပ်ပါမယ်။


အချဉ်အတွက်ကတော့  သခွားသီး၊  ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပရာရည်တို့လိုအပ်ပါမယ်။   


ငါးပိကြော်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငါးပိ၊ ငရုတ်သီးလေးစိတ်ကွဲ၊ ပုစွန်ခြောက်မှုန့်တို့ လိုအပ်ပါမယ်။

 

Read More >>>>>  စားသောက်ကုန်ဈေးနှုန်းများ (13.1.2020)


အရည်သောက်အတွက် ကြက်ရိုး၊ ဆား၊ ငံပြာရည်၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်းမှုန့်တို့လိုအပ်ပါမယ်။


ပဲထမင်းချက်ဖို့အတွက် ကုလားပဲကို တစ်ညကြိုတင်ပြီးရေစိမ်ထားပါ။ မနက်ချက်မယ်ဆို ညကတည်းက ရေစိမ်ထားမယ်ဆိုရင် ချက်ခါနီး မနက်မှာ ပဲကနူးနေပါပြီ။


ပြီးလျှင် ဒယ်အိုးထဲမှာ သစ်ကျပိုးခေါက်၊ ကရဝေးရွက်၊ နာနတ်ပွင့် စတာတွေကို ဆီသတ်ပါတယ်။


ပြီးရင်ဆန်ထည့်ရေကိုထမင်းချက်တဲ့အချိန်ဆအတိုင်း ရေထည့်ပြီး ထည်ပါတယ်။


ပြီးနောက် ထမင်းအိုးစတင်ပွက်လာရင် ပဲထည့်ပြီး အိုးကိုမွှေပေးပါတယ်။


ပြီးလျှင် ဆားထည့်ပါမယ်။ ထမင်းအိုးပွက်လာတဲ့အချိန်မှာ မွှေပေးပါ။ ထမင်းမာတယ်ထင်ရင်တော့ ရေနွေးနည်းနည်းထပ်ထည့်ပြီးတည်နိုင်ပါတယ်။

ကြက်သားဟင်းချက်ဖို့အတွက် ကြက်သားကို ရေဆေးသန့်စင်ပြီး အနေတော်အရွယ်လေးတွေဖြစ်အောင် တုံးထားပြီး ဆား၊ နနွင်းမှုန့်နှင့် နယ်ထားပါ။


ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကိုဆီသတ်ပါမယ်။


ပြီးလျှင် ကြက်သားကိုထည့်ပြီး မွှေပေးပါ။


ပြီးနောက် ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး သူ့ရေနဲ့သူကုန်အောင် လုံးပါမယ်။


ပြီးမှ ရေထပ်ထည့်ပြီးမီးအေးအေးလေးန့ ဲ ကြက်သားနူးအောင်တည်ပေးထားပါ။

အချဉ်သုတ်ဖို့အတွက် သခွားသီးကို ရေဆေးပြီး အတုံးကလေးတွေဖြစ်အောင်လှီး၍ ကြက်သွန်နီ၊ ငရုတ်သီစိမ်းပါးပါးလှီး၊ သံပရာရည်လေးထည့်၊ ဆားလေးထည့်ပြီး အချဉ်တည်ပေးထားပါ။

ငါးပိကြော်အတွက် ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီသတ်၊ ပြီးနောက် ကြက်သွန်ဖြူကိုလည်း ပါးပါးလှီးပြီး ဆီသတ်ပေးပါ။

 

Coffee Manufacturers & Dealers (100)ကော်ဖီထုတ်လုပ်ရေးနှင့် အရောင်းကိုယ်စားလှယ်များ (၁၀၀) ကိုရှာရန်နှိပ်ပါ။


ပြီးနောက် ကြက်သွန်တွေနွမ်းလို့ရှိရင် ငါးပိ၊ ငရုတ်သီးလေးစိတ်ကွဲ၊ ပုစွန်ခြောက်မှုန့်ထည့်ပြီး ကြော်ပေးပါ။

အရည်အသောက်အတွက် ကြက်ရိုးကို ဆား၊ ငံပြာရည်နဲ့နယ်ပြီး ပြုတ်ထားပေးပါ။


ပြီးလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်လိုက်ပါ။ ချင်းကိုလည်းထည့်လိုက်ပါ။


ကြက်ရိုးနူးပြီး အရည်သောက်ရပြီဆိုရင်တော့  ကြက်သွန်မြိတ် နဲ့ ငရုတ်ကောင်းမှုန့် ခပ်ပြီးရင်တော့ အရည်သောက်ရပါပြီ။ တို့စရာအတွက် ပူစီနာလေးနဲ့ဆိုရင်တော့ အလွန်လိုက်ဖက်တဲ့ ပဲထမင်းကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။


Myanmar Food Industry Directory

 

 

 


 


 


 


 


 


 

Read More >>>>>  စားသောက်ကုန်ဈေးနှုန်းများ (13.1.2020)

 




 


 


 


 


 

Coffee Manufacturers & Dealers (100)ကော်ဖီထုတ်လုပ်ရေးနှင့် အရောင်းကိုယ်စားလှယ်များ (၁၀၀) ကိုရှာရန်နှိပ်ပါ။

 

 


 


 


 


 

ပြီးမှ ရေထပ်ထည့်ပြီးမီးအေးအေးလေးနဲ့ ကြက်သားနူးအောင်တည်ပေးထားပါ။

 

 


 

 


 


 

 


 


 


 


Read times Last modified on Saturday, 22 February 2020 09:08
Rate this item
(1 Vote)