Myanmar



၂၀၂၃ ခုနှစ် စက်တင်ဘာလ မြန်မာ့ဆန်နှင့်ဆန်ကွဲ တန်ချိန် ၈၄,၀၀၀ ကျော် တင်ပို့

 ၂၀၂၃ ခုနှစ် စက်တင်ဘာလ မြန်မာ့ဆန်နှင့်ဆန်ကွဲ တန်ချိန် ၈၄,၀၀၀ ကျော် တင်ပို့

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် မြန်မာ့ဆန်နှင့်ဆန်ကွဲတို့ကို နိုင်ငံပေါင်း ၄၂ နိုင်ငံသို့ တန်ချိန် စုစုပေါင်း ၈၄,၇၇၃ မက်ထရစ်တန် တင်ပို့ခဲ့ပါသည်။ 

ဆန်တန် ၅၃,၇၆၁ မက်ထရစ်တန် နှင့် ဆန်ကွဲ တန်ချိန် ၃၁, ၀၁၂ မက်ထရစ်တန် တင်ပို့ခဲ့သည်။

 

 

photo_2023-10-07_15-17-29.jpg

 

ပင်လယ်ရေကြောင်းမှ ၇၇,၅၇၅ မက်ထရစ်တန် တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ ၇,၁၉၈ မက်ထရစ်တန် တင်ပို့ခဲ့သည်။

 

 

photo_2023-10-07_15-17-20.jpg

 

စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၄၂ သန်း ဖြစ်ပါသည်။

 

 

ဆန်တင်ပို့မှုတွင်  အင်ဒိုနီးရှား (၁၁,၇၇၅ မက်ထရစ်တန်)သို့ အများဆုံး တင်ပို့ခဲ့ပြီး မလေးရှာ: (၁၀,၁၄၆ မက်ထရစ်တန်) သို့ ဒုတိယအများဆုံး တင်ပို့ခဲ့သည်။ တတိယအများဆုံး တင်ပို့သည့် နိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံ (၈,၈၄၀ မက်ထရစ်တန်)ဖြစ်ပါသည်။

 

 

photo_2023-10-07_15-17-33.jpg

 

 မြန်မာ့ဆန်ကွဲ အများဆုံး ဝယ်ယူသည့် နိုင်ငံမှာ တရုတ်နိုင်ငံ (၈,၆၃၃ မက်ထရစ်တန်) ဖြစ်ပါသည်။

ဘယ်လ်ဂျီယံက (၇၂၀၀ မက်ထရစ်တန်) ဒုတိယ အများဆုံး ဝယ်ယူခဲ့သည်။ တတိယအမျာဆုံး ဝယ်ယူသည့်နိုင်ငံမှာ  ဖိလစ်ပိုင် (၄,၅၅၀ မက်ထရစ်) ဖြစ်ပါသည်။

 

ယခုအခါ ရန်ကုန်ဆိပ်ကမ်း Sule Pagoda Wharves (SPW) တွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန်  ၂၀,၀၀၀ တင်ပို့ရန်  VTC OCEAN သင်္ဘော ဆိုက်ကပ်ထားပါသည်။

Source MRF


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Saturday, 07 October 2023 15:22
Rate this item
(0 votes)