Myanmar
ရှမ်းရိုးရာစတိုင်လ် ငါးထမင်းနယ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ငါးချည်းစားရတာ ရိုးသွားသူများအတွက် ရှမ်းရိုးရာစတိုင်လ်
ငါးထမင်းနယ်ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ရှမ်းဆန်၊ ငါးရံ့၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်၊ ငရုတ်သီးခြောက်၊ ကြာဇံအကြွပ်ကြော်၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ငှက်ပျောဖက်၊ ဆီ၊ ဆနွင်းမှုန့်၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ရှမ်းဆန်ကို ရေဆေးပြီး ပေါင်းအိုးနှင့် ချက်ထားပါ။ ပြီးလျှင် ထမင်းကို အအေးခံထားပါ။
ငါးကို ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့ထည့်ပြုတ်ပြီး ကျက်ပြီဆိုရင် အအေးခံ၍ အရိုးနွှင်ထားပါ။
ပြီးရင်တော့ ခရမ်းချဉ်သီးကို ဆီမထည့်ဘဲ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆားတို့ထည့်ပြီး မွှေထားပါ။
ပြီးနောက် ကြက်သွန်ဖြူကို အခွံခွာပြီး ညက်အောင်ထောင်းထားပါ။ ပြီးရင်တော့ ဆီ၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး ဆီသတ်ထားပါ။
ပြီးလျှင် ဆန်ကြာဇံ၊ ငရုတ်သီးခြောက်အတောင့်ကို
ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ။ ဂျူးမြစ်ကိုလည်း ရေစင်စင်ဆေးပြီး ထက်ပိုင်းပိုင်းဖြတ်ထားပါ။
နောက်ဆုံးမှ ချက်ထားတဲ့ ရှမ်းဆန်ထမင်းကို ခရမ်းချဉ်သီးအနှစ
စားခါနီးတွင် ပန်းကန်ထဲ ငှက်ပျောဖက်ခင်းပြီး ငါးထမင်းလုံးကိုပြားပြား ပါးပါးလေးဖြစ်အောင်ဖြန့်၍ နွှင်ထားတဲ့ ငါး၊ ဆီချက်၊ ကြာဇံအကြွပ်ကြော်၊ ကြ
ငါးထမင်းနှင့် တွဲဖက်စားရန် ဂျူးမြစ်၊ ငရုပ်သီးခြောက်တောင့်ကြော်တို့နဲ့ မြိန်ယှက်စွာ အရသာ ရှိရှိ သုံးဆောင်နိုင်ပါပြီ။