Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စတော်ဘယ်ရီ ကီဝီဖျော်ရည်

Unicode


အိမ်တွင် ကိုယ်တိုင်စိတ်တိုင်းကျ ဖျော်သောက်ချင်သူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်ချင်ဖွယ်ရာ သစ်သီးဖျော်ရည် ဖျော်စပ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။


ဗိုက်လဲပြည့်၊ အသေးအဖွဲရောဂါလေးတွေကိုလည်း ပျောက်စေမယ့် Smoothie တစ်ခွက်ကို သောက်ချင်ရင် စတော်ဘယ်ရီကီဝီတစ်ခွက်ကို သောက်သုံးသင့်ပါတယ်။


စတော်ဘယ်ရီနဲ့ ကီဝီသီးတွေကို ပေါင်းစပ်ထားခြင်းအားဖြင့် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သလို ပိုလီဖနောနဲ့ ဗီတာမင်စီဓာတ်တို့ကလည်း နှလုံးကျန်းမာရေးကို အထူးအားကောင်းစေမှာ ဖြစ်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ငှက်ပျောသီးမှည့်၊ ကီဝီသီး၊ စတော်ဘယ်ရီသီး၊ ပျားရည်၊ ပန်းသီးဖျော်ရည် တို့ လိုအပ်ပါမယ်။

 

Read More >>>>>   ကျန်းမာရေးနဲ့ညီညွတ်တဲ့ ချင်းငှက်ပျောဖျော်ရည်


ပထမဦးဆုံး ငှက်ပျောသီးမှည့်၊ ကီဝီသီး၊ စတော်ဘယ်ရီသီး၊ ပျားရည် အားလုံးကို ကြိတ်စက်ထဲသို့ထည့်၍ ကြေညက်သည်အထိ ကြိတ်ပြီး ဖျော်ပေးပါ။  


ပြီးလျှင် ပန်းသီးဖျော်ရည်ကိုထပ်ထည့်လိုက်ပါ။


ပြီးရင်တော့ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စတော်ဘယ်ရီကီဝီ smoothie လေးကို မြိန်ယှက်စွာ သောက်သုံးနိုင်ပါပြီ။


ပန်းသီးဖျော်ရည်၊ ငှက်ပျောသီးမှည့်၊ ကီဝီသီး၊ စတော်ဘယ်ရီသီးနဲ့ ပျားရည်အားလုံးကို ဖျော်စက်ထဲထည့်၍ ကြေညက်သည်အထိဖျော်ပါ။ ကျန်းမာရေးအထူးကောင်းမွန်ပြီးလန်းဆန်းစေမယ့် Smoothie တစ်ခွက် ရပါပြီ။

 

 


 




 


 

Read More >>>>>   ကျန်းမာရေးနဲ့ညီညွတ်တဲ့ ချင်းငှက်ပျောဖျော်ရည်

 


 


 


 




 

#Myanmar Food Industrial Directory

Read times Last modified on Thursday, 30 January 2020 15:37
Rate this item
(0 votes)