Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေး အာလူးဈေးနှုန်း မြင့်တက်

မန္တလေး အာလူးဈေးကွက်မှာ အာလူးလက်ကျန်နည်းပါးတာကြောင့် အောက်တိုဘာလအတွင်း ဈေးနှုန်းအမြင့်ဆုံးကို ရောက်ရှိနေတယ်လို့

မန္တလေး အာလူးပွဲရုံတွေက သိရပါတယ်။

အောက်တိုဘာလဆန်းပိုင်းမှာတုန်းက အာလူးဈေးနှုန်းဟာ ၁ ပိဿာကို ငွေကျပ် ၁၃၀၀ နဲ့ ၁၅၀၀ ကြားမှာရှိခဲ့ပေမဲ့ လလယ်ပိုင်းမှာ ၁ ပိဿာကို ငွေကျပ် ၂၅၀၀ အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

တရုတ်ပြည်က တင်သွင်းမြဲဖြစ်တဲ့ တရုတ်အာလူးတွေ ပြည်တွင်းကို အဝင်မရှိတဲ့အပြင် ပြည်တွင်းမှာ လက်ကျန်နည်းနေတဲ့ အခြေအနေတွေကြောင့် အခုလို ဈေးနှုန်းမြင့်တက်လာတာလို့ ကုန်သည်တွေက ပြောပါတယ်။


မန္တလေးမြို့က အာလူး ပွဲရုံပိုင်ရှင်တစ်ဦးက “ဈေးမြင့်တက်လာတာကတော့ အထူးသဖြင့် တရုတ်ပြည်က မြန်မာပြည်ကို တင်သွင်းလာတဲ့ အာလူးတွေက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေက အခုလတ်တလောမှာ လုံးလုံးလျားလျား တင်သွင်းလို့မရတဲ့ အခြေအနေမှာ ဖြစ်နေတဲ့အတွက် ပြည်ပ တရုတ်ပြည်ကနေ ဝင်ရောက်တဲ့ အာလူးဟာ ပြည်တွင်းကို ရပ်တန့်သွားတယ်။ အဓိက မြန်မာစားသုံးသူတွေ စားသုံးတဲ့ အာလူးက အောင်ပန်းတို့ နောင်ချိုတို့ဘက်မှာ အခုမှ စတင်ခါစဖြစ်တော့ အာလူးလက်ကျန်လည်း ဈေးကွက်ထဲမှာ နည်းပါတယ်။ ဒါမို့ကြောင့်မို့လို့ ၁ ပိဿာကို ၁၃၀၀ နဲ့ ၁၅၀၀ကြား ရှိတဲ့ အခြေအနေကနေပြီးတော့ အခု လက်ကားဈေး ၁ ပိဿာကို ၂၃၀၀ ဖြစ်တယ်။ လက်လီဈေးက အရပ်ထဲမှာ ၂၅၀၀ အထိ ဈေးပေါက်ပါတယ်” လို့ ပြောပါတယ်။

မန္တလေး အာလူးဈေးကွက်ထဲမှာ ပခုက္ကူ၊ မြင်းခြံ၊ ရေနံချောင်း၊ ချောက် စတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေက ထွက်တဲ့ သဲချောင်းအာလူး၊ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းတွေက ထွက်တဲ့ အာလူးနဲ့ တရုတ်ပြည်က ဝင်တဲ့ အာလူး ဆိုပြီးတော့ ဈေးတန်း ၃ မျိုးရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်ထွက်အာလူးဟာ ဈေးနှုန်းအမြင့်ဆုံး ရရှိပြီး တရုတ်အာလူးကတော့ ဈေးတန်းအနိမ့်ဆုံးမှာ ရရှိတယ်လို့ သိရပါတယ်။

DVB

Read times
Rate this item
(0 votes)