Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေး မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲပုတ်နှင့် ပဲမျိုးစုံ ဈေးနှုန်း အခြေအနေ

မန္တလေး မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲပုတ်နှင့် ပဲမျိုးစုံ ဈေးနှုန်း အခြေအနေ

TO GET INSTANT UPDATE 

Join Telegram Channel

https://t.me/Guid4U

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံစျေးနှုန်းအခြေနေ တင်ပြထားခြင်းကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။

 

မတ်ပဲ

မတ်ပဲဈေးနှုန်းအနေဖြင့် အသစ်များ ဝင်ရောက်မှုရှိခြင်းကြောင့် ရန်ကုန်ဝယ်လက်နှင့် စက်သမားဝယ်ယူမှုပုံမှန်ရှိ သော်လည်း အရည်အသွေးအမြင့်ဆုံး ၁၈၅,၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

 

ပဲတီစိမ်း (အညာ)(ရွှေဝါ)

ပဲတီစိမ်းဈေးနှုန်းမှာ ပဲတီစိမ်း (အညာ) (ရွှေဝါ) ခရမ်းနှင့် လမ်းဘူတာဖြစ်သော ပဲခူး၊ ဒိုက်ဦး၊ ပြွန်တန်ဆာ သုံးမျိုးလုံးယှဉ်ပြိုင်ဝင်ရောက်မှုရှိခြင်းကြောင့် ပဲတီစိမ်း (အညာ)မှာ အနိမ့်ဆုံးအရည်အသွေး ၁၄၅,၀၀၀ ကျပ်မှ အမြင့်ဆုံးအရည်အသွေး ၁၆၅,၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲတီစိမ်း (ရွှေဝါ) မှာမူ အဝင်နည်း သော်လည်း အရည်အသွေးညံ့သွားသောကြောင့် ယခင်အပတ် အမြင့်ဆုံး ၂၂၈,၀၀၀ ကျပ်မှ ၂၁၅,၀၀၀ ကျပ်သို့ဈေး မသိမသာနိမ့်သွားပြီး ပဲတီစိမ်း (ခရမ်း) မှာ အဝင်နည်းခြင်းကြောင့် ယခင်အပတ် ၅၆.၂၅ ပိဿာ ၂၁၅,၀၀၀ ကျပ်မှ ၂၂၅,၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

Ko Tint Lwin Brothers

Click Here >>> Ko Tint Lwin & Brothers

ပဲပုတ် (မြန်မာ၊ ရှမ်း)

ပဲပုတ် (မြန်မာ၊ ရှမ်း) တို့မှာ အနက်ပဲပုတ် (မြန်မာ) မှာ လုပ်ငန်းသမားအဝယ်နည်းခြင်း၊ အသစ်အဝင်နည်းခြင်း ကြောင့် ပဲပုတ် (မြန်မာ) ၅၃.၂၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၁၉၀,၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲပုတ် (ရှမ်း) မှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် ၁၆၀,၀၀၀ ကျပ်မှ ၁၇၀,၀၀၀ ကျပ်သို့ဈေး မြင့်သွားသည်။

 

ပဲစဉ်းငုံ (ဖြူ၊နီ)

ပဲစဉ်းငုံ (ဖြူ၊နီ) တို့မှာ ပဲစဉ်းငုံ (ဖြူ) မှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ အရောင်းအဝယ်အေးခြင်း ကြောင့် ၆၀ပိဿာ ၁၉၀,၀၀၀ ကျပ်မှ ၁,၈၆၀,၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး ပဲစဉ်းငုံ (နီ) မှာ ရန်ကုန်ဝယ်လက်နှင့် လှောင် လက်အဝယ်ရှိသော်လည်း အသစ်ဝင်ရောက်မှု အနည်းငယ်ရှိသဖြင့် ၆၀ ပိဿာ ယခင်အပတ် ၁၉၆,၀၀၀ ကျပ်မှ ၁၉၇,၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

 

ကုလားပဲ (လုံးဝါကြီး၊ လုံးဖြူကြီး)

ကုလားပဲ (လုံးဝါကြီး၊ လုံးဖြူကြီး) တို့မှာ အသစ်ဝင်ရောက်မှုရှိခြင်းကြောင့် လုပ်ငန်းသမား၊ စက်သမားပုံမှန် ဝယ်ယူမှုရှိသော်လည်း အရည်အသွေးအကောင်းဆုံး ၁၉၀,၀၀၀ ကျပ်မှ ၁၈၆,၀၀၀ ကျပ် သို့လည်းကောင်း၊ လုံးဝါ ကြီးမှာ ခွဲစက်သမား ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၁၈၂,၀၀၀ ကျပ်မှ ၁၇၈,၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး ခွဲခြမ်းမှာ ၁ပိဿာလျှင် ၄,၃၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

စားတော်ပဲ (ကျွန်း)

စားတော်ပဲ (ကျွန်း) မှာ လက်လီသမား ပုံမှန်အဝယ်ရှိခြင်း၊ အသစ်ဝင်ရောက်မှုရှိခြင်း၊ အရည်အသွေးကောင်းခြင်း ကြောင့် ယခင်အပတ် ၅၉.၂၅ ပိဿာ ၃၀၅,၀၀၀ ကျပ်မှ ယခုအပတ် ၃၃၀,၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲယင်းမှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ ပဲခွဲစက်များ အဝယ်နည်းခြင်းကြောင့် ၆၀ ပိဿာ ၁၆၃,၀၀၀ ကျပ်မှ ၁၅၇,၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

မြေတောက်ပဲ

မြေတောက်ပဲမှာ အသစ်အဝင်နည်းခြင်း၊ ဈေးကွက်မျှော်လင့်ချက်ဖြင့် လှောင်သမား အဝယ်ရှိခြင်းကြောင့် ၅၄ ပိဿာ အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၂၇၆,၀၀၀ ကျပ်မှ ယခုအပတ် ၂၈၈,၀၀၀ ကျပ်သို့ ဈေးမြင့်သွား သည်။

 

ပဲလွန်း (ဖြူ၊ ပြာ)

ပဲလွန်းဖြူ၊ ပြာတို့မှာ အသစ်ဝင်ရောက်မှုရှိခြင်း အရောင်းအဝယ်အေးခြင်းကြောင့် ပဲလွန်းဖြူ ၆၀ ပိဿာ၁၄၅,၀၀၀ ကျပ် ပဲလွန်းပြာ ၅၄.၂၅ပိဿာ ၁၃၅,၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲကြီး (ကြီး၊ သေး)

ပဲကြီး (ကြီး၊ သေး)၊ ထောပတ်ပဲ (ကြီး၊ သေး) တို့မှာ အသစ်ဝင်ရောက်မှုနည်းခြင်း၊ အရည်အသွေးကောင်းခြင်း၊ လုပ်ငန်းသမား လှောင်သမားအဝယ်ရှိခြင်းကြောင့် ပဲကြီး(ကြီး) ၅၅.၂၅ပိဿာ အရည်အသွေး အကောင်းဆုံး ၂၅၅,၀၀၀ ကျပ်မှ ၂၃၅,၀၀၀ ကျပ်သို့ဈေးမြင့်သွားပြီး ပဲကြီး(သေး)မှာ အဝင်များခြင်း၊ လက်လီသမားအဝယ်ပုံမှန်ရှိ ခြင်းကြောင့် ၅၅.၂၅ပိဿာ ၂၃၀,၀၀၀ ကျပ်မှ ၂၁၀,၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ 

 

ထောပတ်ပဲ (ကြီး၊ သေး)

ထောပတ်ပဲ (ကြီး၊သေး) တို့မှာ အသစ်အဝင်နည်းသေးခြင်း၊ လုပ်ငန်းသမား၊ လှောင်သမားအဝယ်ရှိခြင်းကြောင့် ထောပတ်ပဲ(ကြီး) ၅၆.၂၅ပိဿာ ၂၁၀,၀၀၀ ကျပ်မှ ၂၃၅.၀၀၀ ကျပ်သို့လည်းကောင်း ထောပတ်ပဲ(သေး)၁၈၀,၀၀၀ ကျပ်မှ ၂၁၅,၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

Source: MOALI

Myanmar Food Industry Guide

Read times Last modified on Friday, 24 February 2023 11:33
Rate this item
(0 votes)