Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၁၅ ရက်အတွင်း ပြည်ပသို့ ပဲတင်ပို့မှု စုစုပေါင်းဒေါ်လာ ၅၉ သန်းနီးပါးရရှိ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၁၅ ရက်အတွင်း ပြည်ပသို့ ပဲတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ

ဒေါ်လာ ၅၆ သန်းကျော်၊နယ် စပ်မှဒေါ်လာ ၂ ဒသမ ၆ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၅၉ သန်းနီးပါးရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

တစ်နှစ်အတွင်း နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ နီးပါးရရှိခဲ့ပြီး ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့ရာ၌ မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၀ ဒသမ ၅၈ သန်း၊ ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ ဒသမ ၆၇ သန်း၊ ပဲစင်းငုံတင်ပို့မှုမှဒေါ်လာ ၀ ဒသမ ၂၉ သန်း၊ ကုလားပဲတင်ပို့မှုမှဒေါ်လာ ၀ ဒသမ ၃၇ သန်း၊ ပဲလွန်းတင်ပို့မှုမှ ဒေါ်လာ ၉ ဒသမ ၀၈ သန်း၊ ထောပတ်ပဲတင်ပို့မှုမှဒေါ်လာ ၂၀ ဒသမ ၉၈ သန်း၊ မြေထောက်ပဲတင်ပို့မှုမှ ဒေါ်လာ ၁၄ ဒသမ ၁၉ သန်း၊အခြားပဲများ တင်ပို့မှုမှ ဒေါ်လာ ၆၄ ဒသမ ၅၅ သန်းရရှိခဲ့သည်။

တစ်နှစ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတဆင့် ပြည်ပသို့ ပဲအမျိုးမျိုး တင်ပို့မှုမှ ဒေါ်လာသန်း ၇၇၀ ကျော်ရရှိခဲ့ပြီး မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၄၃၆ သန်းကျော်နှင့် ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၂၄ သန်းကျော်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ တစ်နှစ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတဆင့် ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုတွင် တန်ချိန်အားဖြင့် ၁၀၄၄ တန်တင်ပို့မှုမှဒေါ်လာ ၇၇၀ ဒသမ ၄၄ သန်းရရှိခဲ့သည်။ ယင်းအနက် မတ်ပဲတန်ချိန် ၅၉၅ ဒသမ ၈ တန်တင်ပို့ခဲ့မှုမှ ဒေါ်လာ ၄၃၆ ဒသမ ၉၈ သန်း၊ ပဲတီစိမ်းတန်ချိန်၂၆၃ ဒသမ ၆ တန်တင်ပို့မှုမှဒေါ်လာ ၂၂၄ ဒသမ ၀၁ သန်း ရရှိခဲ့သည်။

ပဲစင်းငုံတန်ချိန် ၅၃ ဒသမ ၂ တင်ပို့မှုမှ ဒေါ်လာ၂၉ ဒသမ ၇၉ သန်း၊ ကုလားပဲတန်ချိန် ၂၂ ဒသမ ၇ တန်တင်ပို့မှုမှ ဒေါ်လာ ၁၂ ဒသမ ၈၀ သန်း၊ ပဲလွန်း၂၅ ဒသမ ၂ တန် တင်ပို့မှုမှ ဒေါ်လာ ၁၅ ဒသမ ၆၃ သန်း၊ ထောပတ်ပဲ ၂၅ ဒသမ ၂တန်တင်ပို့မှုမှ ဒေါ်လာ ၁၄ ဒသမ ၂၄ သန်း၊မြေထောက်ပဲ ၂၃ ဒသမ ၂ တန်တင်ပို့မှုမှ ဒေါ်လာ ၁၉ ဒသမ ၁၂ သန်း၊ အခြားပဲများ တန်ချိန် ၃၅ ဒသမ ၁ တန်တင်ပို့မှုမှ ဒေါ်လာ ၁၇ ဒသမ ၈၇ သန်း ရရှိခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအား နှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း ကုလားပဲရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ယင်းပဲမျိုးစုံ စုစုပေါင်းစိုက်ဧက၏ ၆၆ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများ စိုက်ပျိုးလျက်ရှိပြီး ဒေသရေမြေကိုက်ညီမှုအပေါ် မူတည်၍ ပဲစင်းငုံသီးနှံအား စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်တို့တွင် မိုးရာသီတွင်လည်းကောင်း၊ ပဲတီစိမ်းသီးနှံအား မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးကြို (သို့မဟုတ်) ဆောင်းသီးနှံအဖြစ်လည်းကောင်း၊ မတ်ပဲသီးနှံအား ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင် မိုး/ဆောင်းသီးနှံအဖြစ် လည်းကောင်း အဓိကထားစိုက်ပျိုးပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြားတွင် စိုက်ပျိုးနိုင်သည့် သီနှံများဖြစ်သည်။

 

news-eleven.com

Read times
Rate this item
(0 votes)